Chapter 2.2

16 3 0
                                    

ဒီကိစ္စတွေကို ကျောင်းကအဒေါ်ကြီးက သိသွားတယ်။ မိဘတွေရဲ့ ပေါ့ဆမှုလို့ အထင်မခံရအောင် အဒေါ်ကြီးက ကလေးနှစ်ယောက်ကို အချိန်တိုင်း ထမင်းပိုကျွေးတော့သည်။ 
ရှောင်းထုက ပိုစားနေတဲ့အချိန်မှာတော့ လင်ချောင်းက  ဗိုက်ဆာတာရပ်သွားပါပြီ။

ကျောင်းမှာက အစားအစာပိုရှိတော့ ရှောင်းထုက အဲ့မှာဆို တော်တော်ပျော်သည်။
ဒါကြောင့် မနက်တိုင်း သူမအမေကို ကျောင်းပို့ပေးဖို့ ပြောလေတယ်။ တခါတရံ သူ့အမေက အဝတ်လျှော်၊ ချက်ပြုတ်ကျွေးမွေးရင်း အလုပ်များလွန်းပြီး မပို့နိုင်တာကြောင့် သူမငိုကြွေးပြန်တယ်။

ထုထုအမေက သူမရဲ့ အသစ်ချုပ်ထားတဲ့ အဝတ်တွေကို သမီးဖြစ်သူကြောင့် ပျက်စီးမသွားစေဖို့ သူမရဲ့မိခင်က လင်ချောင်းရဲ့မိခင်ကို ကျောင်းပို့ပေးဖို့ အကူအညီတောင်းခဲ့ရသည်။ လင်မေမေက လင်ချောင်းနဲ့တူတူ ရှောင်းထုကိုပါကျောင်းပို့ပေးလေသည်။ 

လင်မေမေက 24-inch Phoenix စက်ဘီးလေးပေါ်တွင် လင်ချောင်းကိုရှေ့မှာထိုင်စေပြီး ရှောင်းထုကိုနောက်မှာထိုင်စေကာ ကျောင်းကိုလိုက်ပို့ပေးသည်။ လင်မေမေဟာ ဒီစက်ဘီးလေးနဲ့ပဲ နေ့တိုင်းအသွားအပြန်လုပ်လေသည်။ ဒါကို လမ်းမှာအတင်းပြောနေကြတဲ့ မိန်းမကြီးတွေကတော့ လှောင်ကြလေ့ရှိတယ်။
“မစ္စလင် ရှင့်သားနဲ့ချွေးမကို ကျောင်းပို့ဖို့သွားရပြန်ပြီလား။” လင်မေမေက ရှက်ပြုံးလေးပြုံးကာ ပြုတ်ကျမလိုဖြစ်နေတဲ့ရှောင်းထုကို ကူညီရင်းတွေးလိုက်သည်။
“ငါ့အနာဂတ်ချွေးမလေး တစ်ခုခုဖြစ်လို့မဖြစ်ဘူး။” 

ပြောရမယ်ဆိုရင် လင်မေမေက တကယ်ကို အမြင်ရှိတဲ့အမျိုးသမီးပါပဲ။ 
လင်မေမေဟာ ဒီစက်ဘီးလေးနဲ့အတူ လေတွေမိုးတွေကြားမှာတောင် ကာကွယ်ပေးရင်း ကလေးနှစ်ယောက်ကို နှစ်နှစ်လောက် အပို့အကြိုလုပ်ပေးခဲ့တယ်။ ရှောင်းထုနဲ့ လင်ချောင်း နောက်တစ်တန်းမတက်ခင်ထိပေါ့။

နောက်တော့စက်ဘီးလေးလည်း ပျက်သွားခဲ့တယ်။  မိသားစုရဲ့တစ်ခုတည်းသော အပို့အကြိုယာဉ်လေးကပျက်သွားတဲ့နောက်မှာ လင်မေမေက ကလေးနှစ်ယောက်ကို လမ်းလျှောက်ပို့ဖို့လုပ်တော့သည်။ သူတို့နေတဲ့နေရာနဲ့ ကျောင်းက သိပ်တော့မဝေးပါဘူး။ လမ်းကြားကိုဖြတ်ပြီး မြစ်ငယ်လေးတစ်လျှောက်အဆုံးထိသွားလိုက်ရင် ရောက်ပါပြီ။ 

ယုန်ကလေးရဲ့နားခိုရာမြက်ခင်းစိမ်းလေးWhere stories live. Discover now