Chapter 8.1

7 2 0
                                    

လင်ချောင်းလည်း ကြီးပြင်းလာလေပြီ။ အမေ့ဗိုက်ထဲမှာရှိတည်းက မြင့်မားတဲ့ IQ , EQ တွေနဲ့ အားလုံးကိုပိုင်ဆိုင်ထားတဲ့ဝမ်းတွင်းနက်လူငယ်လေးကတော့ သူ့ရဲ့ ပထမဆုံးဖွင့်ပြောတဲ့အချိန်မှာတော့ မြစ်ထဲကို ပစ်ချခံလိုက်ရလေသည်။ ဒီလိုဖြစ်သွားတဲ့အချိန်မှာတော့ စိတ်ဓာတ်ကျ စိတ်ပျက်တာတွေကို ခံစားရမှာ မလွဲမသွေပါပဲ။

သူကစိတ်တိုနေတာကြောင့် ရှောင်းထုကို ရက်အနည်းငယ်လောက် မနှောက်ယှက်တော့ပေ။

ရှောင်းထုလည်း ဒီကိစ္စကြောင့် စိတ်ညစ်နေတာပဲဖြစ်သည်။ အဲ့နေ့က လင်ချောင်းကို မြစ်ထဲပစ်ချလိုက်ဖို့ မရည်ရွယ်ပေမယ့် သူ့ပုံစံက ထူးဆန်းနေတာကြောင့် အန္တရာယ်နီးနေလာသလိုခံစားလိုက်ရလို့ ဒီလိုတုံ့ပြန်မိခြင်းဖြစ်သည်။

ကိုယ်ခံပညာကို နှစ်နဲ့ချီပြီးလေ့ကျင့်လာတဲ့သူတစ်ယောက်အတွက်တော့ ဒီလိုကြုံတွေ့လာရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ အလိုလျောက်တုံ့ပြန်တာက ပုံမှန်ပဲမဟုတ်လား။ အရင်က ဒီအကွက်ကိုအတူတူလေ့ကျင့်တဲ့သူတွေက သင်တန်းကျောင်းက ဆရာတွေ စီနီယာတွေနဲ့ လေ့ကျင့်တာဖြစ်ပြီး သူတို့က ပိုသန်မာတာကြောင့် ခုလိုအဖြစ်မျိုးတော့မဖြစ်ပေ။ ဒါပေမယ့် ကြွက်သားတစ်ခုမှမရှိတဲ့ လင်ချောင်းအတွက်ကတော့ တစ်ခါတည်း ပစ်လဲသွားခြင်းဖြစ်လေသည်။

ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်သွားဖို့တော့ သူမ မရည်ရွယ်ခဲ့ပါဘူး။

ရှောင်းထုအတွေးတွေများနေကာ စဉ်းစားပြီးတဲ့အချိန်မှာတော့ သူမက အမှားလုပ်တဲ့သူဖြစ်လေသည်။ အကယ်၍ လင်ချောင်းသာ ရေထဲကျပြီး တစ်ခုခုဖြစ်သွားခဲ့ရင် လူတွေ့အင်တာဗျူးအတွက် ထိခိုက်စေနိုင်သည်။ ဒါဆိုရင်တော့ သူမအပြစ်ကို ပိုကြီးသွားနိုင်လေသည်။

အချိန်အကြာကြီး ထပ်ကာထပ်ကာတွေးပြီးနောက်မှာတော့ သူမ လင်ချောင်းကို တောင်းပန်ဖို့ ခံစားလိုက်ရသည်။

စိတ်မကောင်းစရာကတော့ သူမတောင်းပန်ဖို့စဉ်းစားမိချိန်မှာ သူမက ပြိုင်ပွဲဝင်ဖို့အတွက် စီနီယာတွေနဲ့အတူ သွားနေပြီဖြစ်သည်။

ယုန်ကလေးရဲ့နားခိုရာမြက်ခင်းစိမ်းလေးWhere stories live. Discover now