Chapter 2.1

8 4 0
                                    

ရှောင်းထုလေးက ငယ်ငယ်တည်းက အစားမက်တဲ့ကလေးလေးဖြစ်ခဲ့တယ်။ သူမသုံးနှစ်အရွယ်မှာ ယာဂုနှစ်ပန်းကန်ကို အသာလေးစားနိုင်နေပြီ။ ရှောင်းထုအမေကတော့ စိုးရိမ်လာ‌တော့တယ်။ တကယ်လို့သူမလေးက ဒီတိုင်းသာစားနေမယ်ဆို တစ်မိသားစုလုံးမွဲတော့မယ်။

ပြီးတော့ဝလာရင် သူမ‌‌လေး ဘယ်လိုလုပ်မလဲ။ ရှောင်းထုအမေက တစ်ညလုံးစဉ်းစားပြီးနောက်မှာ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဟုတ်ပြီ သူမလေးကို တစ်နပ်ကို ယာဂုတစ်ပန်းကန်ပဲ ကျွေးတော့မယ်။

အစားမက်တဲ့ရှောင်းထုအတွက်တော့ ဒါဟာခက်ခဲလှပါတယ်။ ယာဂုတစ်ပွဲကိုစားပြီးနောက်မှာ ပန်းကန်အလွတ်ကို ကြည့်ရင်း
" မေမေ၊ ထည့်ထည့်။"

ရှောင်းထုအမေက ရက်စက်ရတော့တယ်။ "ကလေးလေး မွေးစားအမေအိမ်မှာ ကစားဖို့သွားချည် သွား သွား" လို့ပြောရင်း သူမလက်ကိုဆန့်ကာ ရှောင်းထုလေးကို တံခါးအပြင်ပို့လိုက်လေတယ်။

ရှောင်ထုလေးဟာ ယာဂုအိုးကိုကြည့်ရင်း လင်ချောင်းတို့အိမ်ကို လှုပ်တုပ်လှုပ်တုပ်နဲ့ သွားလေ‌တော့သည်။

အဲ့ချိန်မှာ လင်ချောင်းက နှစ်နှစ်နဲ့ဆယ့်တစ်လပဲ ရှိပါသေးတယ်။ ရှောင်းထုက အိမ်ထဲ ဝင်လာတဲ့အချိန်မှာ လင်ချောင်းအမေက လင်ချောင်းကို ယာဂုကျွေးနေပြီ။ ယာဂုအိုးကြီးက လင်ချောင်းရှေ့မှာရှိနေကာ လင်ချောင်းကတော့ စားဖို့ငြင်းနေတယ်။

သူ့အမေက စိတ်ရှုပ်ပြီး ချွေးပါပြန်နေသော်လည်း ချော့ကာမော့ကာဖြင့် ကျွေးနေလေသည်။ "ချောင်းချောင်းရေ ၊ စားရအောင်။"

'စားမယ်'

ရှောင်းထုက ဒီစကားလုံးကို ကြားကြားချင်းပဲ ဝီဆယ်လ်ကောင်လေးတွေရဲ့မျက်လုံးလို တောက်ပလာလေတယ်။

"မွေးစားမေမေ၊ ထုထုလည်းစားချင်တယ်။"

လင်ချောင်းအမေက သူမသားလေး အစားမစားလို့ စိတ်ပူနေပေမယ့် ရှောင်ထုရောက်လာတဲ့ချိန်မှာ မျက်လုံးပင့်ကြည့်လိုက်လေသည်။ ဟုတ်ပြီ အကြံရပြီ။ သူမက ရှောင်ထုအတွက် ယာဂုပန်းကန်ကြီးကိုယူလာကာ သူမကိုနွေးထွေးစွာပြောလိုက်သည်။

ယုန်ကလေးရဲ့နားခိုရာမြက်ခင်းစိမ်းလေးWhere stories live. Discover now