Chapter 9.1

4 2 0
                                    

ဗိုလ်လုပွဲနေ့မှာတော့ ရှောင်းထုက အတော်လေးကို စိတ်လှုပ်ရှားနေခဲ့သည်။ ရှောင်းထု ပြိုင်ဘက်တွေအများကြီးကိုကျော်ပြီး ဗိုလ်လုပွဲကို ရောက်နိုင်လိမ့်မယ်လို့ စိတ်တောင်မကူးခဲ့မိပါဘူး။ သူမက အတွေ့ကြုံနုပြီး ငယ်သေးတာကြောင့် ခုလိုရုတ်တရက်အနိုင်ရသွားတာတွေကို ဘယ်လိုရင်ဆိုင်ရမှန်းမသိပါဘူး။ တကယ်မဟုတ်ဘူးလို့တောင် ခံစားနေမိသည်။

ဒါတွေက တကယ် ဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီးပေ။ ဗိုလ်လုပွဲပြိုင်ရဖို့ရှိသေးတာကြောင့် တတိယနေ့ နေ့လည်ခင်းမှာတော့ နောက်ဆုံးအနေနဲ့ပြိုင်ဆိုင်ကြဖို့ ရှောင်းထုစင်ပေါ်သွားရတော့မည်ဖြစ်သည်။

ရှောင်းထုရဲ့ နောက်ဆုံးပြိုင်လက်က ကျာအဖွဲ့ ရဲ့ နံပါတ် ၁ အိုရန်းမိန် ဖြစ်လေသည်။ မြောက်ဘက်မြို့တော်က ဂျူနီယာအထက်တန်းဒုတိယနှစ်ကျောင်းသူဖြစ်ကာ အသက်ငါးနှစ်လောက်တည်းက ကိုယ်ခံပညာလေ့ကျင့်လာသူဖြစ်သည်။ အသက်ရှစ်နှစ်မှာ ပြိုင်ပွဲတော်တော်များများကို အနိုင်ရပြီး ချန်ပီယံတစ်ယောက်ဖြစ်လာကာ အသက်ဆယ့်နှစ်နှစ်မှာတော့ အားလုံးသိတဲ့နာမည်ကြီး ကိုယ်ခံပညာရှင်လေးတစ်ယောက် ဖြစ်လာခဲ့လေသည်။

အဓိကအချက်ကိုဆက်ပြောရမယ်ဆိုရင်တော့ ရှောင်းထု သူမကို သေတောင်နိုင်မှာမဟုတ်လောက်ဘူး။
စင်ပေါ်ကိုမတက်ခင်မှာ ပွဲကြည့်စင်ပေါ်မှာရှိကြည့်နေတဲ့ လင်ချောင်းက ရှောင်းထုဆီ မတ်ဆေ့ချ်ပို့လိုက်လေသည်။

"မင်းမနိုင်နိုင်ဘူးဆိုရင် တအားတင်းခံမနေနဲ့ စိတ်လျော့လိုက်"

ဒီစကားက ရှောင်းထုကို တော်တော်ဒေါသပုန်ထစေပါတယ်။ သူကဘာတွေလာပြောနေတာလဲ ငါကပြိုင်တောင်မပြိုင်ရသေးဘူး။ ငါမနိုင်နိုင်ဘူးဆိုတာ သူက ဘယ်လိုသိနေတာလဲ။ မနိုင်နိုင်ဘူးဆိုရင်တောင်မှ သူမ ဒီတိုင်းကြီးအရှုံးမပေးနိုင်ပါဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့စိတ်လေးတော့ သူမရင်ထဲမှာရှိသေးတယ်လေ။

ရှောင်းထု စင်ပေါ်ကို အမြန်လေးတက်လိုက်ကာ စင်ပေါ်ရောက်တော့ အိုရန်းမိန်ရဲ့သွင်ပြင်ကြောင့် ရှောင်းထုလန့်သွားလေသည်။ ရှောင်းထုက အိုရန်းမိန်လို ပါရမီရှိတဲ့ကိုယ်ခံပညာရှင်တစ်ယောက်က စိတ်ဓာတ်ပြင်းပြတဲ့ခပ်မာမာ အမျိူးသမီး ultraman ဗားရှင်း လိုမျိူးဖြစ်မယ်လို့ထင်ခဲ့တာ။ အိုရန်းမိန်ကို အနီးကပ်တွေ့လိုက်ရချိန်မှာတော့ ထင်ထားတာနဲ့ တက်တက်စင်အောင်လွဲနေလေမှန်းသိလိုက်ရသည်။ သူမက သိမ်မွေ့လှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေလေသည်။ အသားရေလေးက ကျောက်စိမ်းလေးလိုဖြူဖွေးနေပြီး မျက်လုံးဝိုင်းဝိုင်းတွေကလည်းကြည်လင် တောက်ပနေကာ ဆံပင်ကိုအမြင့်စည်းထားသေးသည်။ ပြောရမယ်ဆိုရင် sailor moon ရဲ့ကိုယ်ပွားလိုပင်ဖြစ်နေသည်။

ယုန်ကလေးရဲ့နားခိုရာမြက်ခင်းစိမ်းလေးWhere stories live. Discover now