Chapter 6.1

5 2 0
                                    

ရှောင်းထု ဂျူနီယာအထက်တန်း ဒုတိယနှစ်ရောက်တဲ့အချိန်မှာ ဝူတာ့လန်က သူ့သင်တန်းက ထူးချွန်တဲ့သူတစ်ချို့ကို ရွေးချယ်ပြီး အဖွဲ့ဖွဲကာ ပြည်နယ်အဆင့် လူငယ်ကိုယ်ခံ ပညာပြိုင်ပွဲကို ဝင်ပြိုင်ဖို့လုပ်လေသည်။
ရှောင်းထုက ရွေးချယ်မခံရပေမယ့် အခြားပြိုင်ပွဲဝင်မယ့်သူတွေနဲ့အတူ နေ့တိုင်းလေ့ကျင့်နေရသေးသည်။
အချိန်သိမ်မရှိတော့တာမို့ ဆရာဝူက မြန်မြန်တိုးတက်ဖို့အတွက် ကျောင်းဆင်းပြီးတဲ့ အချိန်တိုင်း ၃ နာရီလာလေ့ကျင့်ဖို့ သတ်မှတ်လိုက်သည်။

ရှောင်းမားမားအတွက်တော့ သိပ်ကိစ္စမရှိပါဘူး။  ဘယ်လိုပဲဖြစ်ဖြစ် ထုထုက အစာကြီးတဲ့သူဆိုတော့ လေ့ကျင့်ခန်းလုပ်ရတော့ ဝိတ်ကျတာပေါ့။ ဒါပေမယ့် ရှောင်းထုအတွက်ကတော့ ကိစ္စရှိပါတယ်။ သူမက ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်ရမှာကို မကြောက်ပါဘူး ဒါပေမယ့် တစ်ယောက်တည်းအိမ်ပြန်ဖို့တော့ မပြန်ရဲဘူး။

သူမ ၃ နာရီကြာထရိန်နင်ကနေ ပြန်လာချိန်မှာတော့ အပြင်မှာက မှောင်တောင်မှောင်နေပါပြီ။ ရှောင်းထုရဲ့သင်တန်းက သူမနေတဲ့နေရာနဲ့ တော်တော်ဝေးတာကြောင့် သူမပြန်ချင်ရင် လမ်းကြားတွေတစ်လျှောက် စက်ဘီးစီးကာသွားဖို့လိုသည်။ လမ်းမီးကလည်း ပျက်နေတာ တစ်လလောက်ရှိပြီဖြစ်သည်။ အမှောင်ထဲမှာ လမ်းလျှောက်ရင်း ကြောင်ဆိုးတွေ ခုန်ထွက်လာရင် ဘယ်လိုလုပ်မလဲ။
ရှောင်းထုက ငယ်ငယ်ကတည်းက အမှောင်ကြောက်တာဖြစ်သည်။ သုံး လေးခါလောက် လမ်းကြားထဲကနေ တစ်ယောက်တည်းလမ်းလျှောက်ပြန်ကြည့်ပြီးနောက်မှာ ထပ်မသွားရဲတော့တာကြောင့် လင်ချောင်းကို လာကြိုဖို့အကူညီတောင်းရလေသည်။

လင်ချောင်းက ဂရုမစိုက်ပုံဖြင့်
“မင်းသင်တန်းကို ထပ်မသွားတော့တာကောင်းမယ်ထင်တယ်။ မိန်းကလေးတစ်ယောက်က ဘယ်လိုကိုယ်ခံပညာသင်ဖို့လိုလို့လဲ။”

“မဟုတ်ဘူး။ ငါ့မေမေကပြောတယ် ငါ့အဆင့်တွေက မကောင်းဘူး။ ဒါကြောင့် ကိုယ်ခံပညာသင်တာက အနာဂတ်မှာ အထောက်အပံ့ပေးနိုင်လိမ့်မယ်တဲ့။”

“မင်းအဆင့်တွေက မကောင်းရင် ငါသင်ပေးမယ်။”

ရှောင်းထုက ခဏလောက်တွေးလိုက်ပြီး နောက်တော့ ခေါင်းခါလိုက်လေသည်။
“မရလောက်ဘူး။ ငါဆက် ကိုယ်ခံပညာ ဆက်သင်ဖို့လိုသေးတယ်။”

ယုန်ကလေးရဲ့နားခိုရာမြက်ခင်းစိမ်းလေးWhere stories live. Discover now