Chapter 8.2

6 1 0
                                    

ရှောင်းထုက အခန်းကနေ မြန်မြန်ထွက်လာပြီး ဟော်တယ်ဧည့်ဆောင်ထဲရောက်တော့ ဆိုဖာပေါ်အေးဆေးထိုင်နေတဲ့ လင်ချောင်းကို တွေ့လေသည်။ ရှောင်းထုကို တွေ့တော့ လက်ဝေ့ပြလိုက်ကာ သူမက တစ်ခုခုပြောနေတာကြောင့် ရှောင်းထုရဲ့နှုတ်ခမ်းကို လှမ်းဖတ်လိုက်သည်။

"ဘယ်လိုလုပ် ဒီရောက်နေတာလဲ"

"လူတွေ့အင်တာဗျူးအတွက် လာတာ"

လူတွေ့အင်တာဗျူး? ရှောင်းထုက စိတ်တိုလာကာ တမင်ပြန်မေးလိုက်သည်။
"လူတွေ့က မနေ့ကပြီးသွားပြီမဟုတ်လား"

လင်ချောင်းက သူ့လက်ကို ခေါင်းနောက်ထည့်လိုက်ကာ အေးဆေးတဲ့ပုံနဲ့
"ဘာပဲဖြစ်ဖြစ် ငါဒီမှာနှစ်ရက်လောက်နေပြီး‌ အေးဆေးအပန်းဖြေဦးမှာ"

သေချာတာပေါ့ သူက စာတော်တဲ့ကျောင်းသားပဲ အတန်းနည်းနည်းလစ်တာက သူ့အတွက် သိပ်ကိစ္စမရှိပါဘူး။ ရှောင်းထုက သတိရကာ ပြောလိုက်လေသည်။

"ဒီနေ့မှ ဗုဒ္ဓဟူးနေ့ပဲရှိသေးတာလေ အဲ့တာဆို စာသင်ချိန်တွေကို နှစ်ရက်လောက်ပျက်နေရမှာပေါ့။"

" ဘယ်လိုဖြစ်ဖြစ် ငါကတော့ အတန်းသွားတက်ရဦးမှာမဟုတ်ဘူး"

ရှောင်းထုက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း
"ဟမ် နင်ဘာပြောလိုက်တာလဲ"

လင်ချောင်းက စိတ်ရှုပ်ထွေးနေတဲ့အမူယာနဲ့ကြည့်ရင်း ပုံမှန်အသံနဲ့ပဲ ပြောလိုက်သည်။
"လူတွေ့စစ်ဆေးတာက ပြီးသွားပြီ သူတို့က နောက်တစ်ပတ်ကြမှ ကျောင်းစတက်ခိုင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်"

ရှောင်းထုက ထောက်ခံမှုရထားတဲ့ကျောင်းသားတွေက ဝင်ခွင့်ကိုပြင်ဆင်ဖို့ ကျောင်းကို ပိုစောပြီးသွားရမယ်ဆိုတာ သိလိုက်ရသည်။ အဲ့တာဆို နောက်တစ်ပတ်ကစပြီး လင်ချောင်းက သူမကို ကျောင်းပို့လို့လည်း မရတော့ဘူး၊ ထရိန်နင်ပြီးရင်လာကြိုတာတွေ အိမ်စာကူလုပ်ပေးတာတွေရော လုပ်လို့ မရတော့ဘူးပေါ့။ ဒါကိုတွေးမိလိုက်တော့ ရှောင်းထုရဲ့နှလုံးသားက တင်းကြပ်သွားကာ ဝမ်းနည်းသလို ခံစားလိုက်ရလေသည်။

ထုထု အကြာကြီးတိတ်ဆိတ်သွားကာ နောက်တော့ သူမနားလည်သွားကြောင်းအသံပြုလိုက်သည်။
"မင်း ငါ့ကိုတစ်ခုခုပြောစရာ မရှိဘူးလား" လင်ချောင်း သူမကိုကြည့်ရင်းမေးလိုက်သည်။

ယုန်ကလေးရဲ့နားခိုရာမြက်ခင်းစိမ်းလေးWhere stories live. Discover now