Chapter 7.1

7 2 0
                                    

ရှောင်းထုကို လာကြိုမယ်လို့ပြောလိုက်တဲ့အချိန်က စပြီး လင်ချောင်းက သူ့ရဲ့ကိုယ်ပိုင်စာကြည့်ချိန်ကို ညနေဘက်မှာ ပြောင်းလုပ်ခဲ့ကာ ညဘက်မှာတော့ ကိုယ်ခံပညာသင်တန်းကိုသွားပြီး ရှောင်းထုကို သွားကြိုလေသည်။ ဒါပေါ့ လင်ချောင်းပြောတာကတော့ ဒါက ‘လမ်းကြုံ’ လို့ ပါပဲ။

လင်ချောင်းရဲ့ ဒီလို ‘လမ်းကြုံ’တာက ရှောင်းထုကို အလွန်ပျော်ရွှင်စေသည်။ သုံးနာရီထရိန်နင်ဆင်းပြီးချိန်မှာတော့ ထုထုက အလွန်ပင်ပန်းနေပြီဖြစ်ကာ စက်ဘီးနဲ့ပြန်ဖို့ အားတောင်မရှိဖြစ်နေပါပြီ။ ဒါပေမယ့် လင်ချောင်းလာကြိုတဲ့အချိန်ကစပြီး သူမလေးက မှောင်မဲနေတဲ့ လမ်းကြားကိုလည်းမကြောက်တော့သလို မောမောပန်းပန်းနဲ့ စက်ဘီးစီးအိမ်ပြန်ရမှာကိုလည်း ဂရုမစိုက်ဖို့မလိုတော့ပါဘူး။ သူမပင်ပန်းပြီး အိပ်ချင်လာရင် လင်ချောင်းကိုမှီပြီး  ခဏလောက်မှေးနိုင်သေးတယ်။ ဒါက ဗွီအိုင်ပီတစ်ယောက်လို ခံစားရစေတယ်ကွ။

တစ်လကျော်ကြာတဲ့အချိန်မှာတော့ မြို့နယ်ရဲ့ လူငယ်ကိုယ်ခံပညာပြိုင်ပွဲက တဖြည်းဖြည်းနီးကပ်လာပါပြီ။

ဒီပိတ်ရက်မှာ ဆရာဝူက ပြိုင်ပွဲဝင်တဲ့အဖွဲ့ဝင်တွေအတွက် သီးသန့်ထရိန်နင်လုပ်ပေးကာ ရှောင်းထုကိုပါ အရံအဖွဲ့ဝင်အနေနဲ့ ဝင်လေ့ကျင့်ခိုင်းလေသည်။

ရှောင်းထု ထရိန်နင်ပြီးတဲ့အချိန်မှာတော့ သီချင်းလေးညည်းကာ အပေါ်ထပ်မှဆင်းလာကာ ခြေထောက်တစ်ဖက်ထောက်ထားပြီး နောက်ခြေတစ်ဖက်ကို ခြေနင်းပေါ်တင်ထားရင်း စောင့်နေတဲ့ လင်ချောင်းကိုတွေ့တော့ အမြန်ပြေးသွားလေသည်။ လင်ချောင်းနားကို လူကတော့ မရောက်သေးပေမယ့် အသံက အရင်ရောက်နေပြီဖြစ်သည်။

“ငါ့မှာ သတင်းကောင်းရှိတယ်။”

“ဘာလဲ”

“သင်တန်းက စီနီယာတစ်ယောက်က အူအတက်ပေါက်လို့ ဆေးရုံတက်လိုက်ရတယ်။”

လင်ချောင်းက သူမလေးကို ကြည့်လိုက်ရင်း
“အဲ့တာ ဘယ်နားက သတင်းကောင်းပါနေတာလဲ။”

“မဟုတ်ဘူးလေ ဆုံးအောင်နားထောင်ဦး”
ရှောင်းထု သက်ပျင်းတစ်ချက်ချကာ ပြောလိုက်သည်။

ယုန်ကလေးရဲ့နားခိုရာမြက်ခင်းစိမ်းလေးWhere stories live. Discover now