Chapter 1.2

9 4 0
                                    

မကြာခင်မှာပဲ လောင်လင်ရဲ့မိန်းမက ဆေးရုံကနေဆင်းလာခဲ့တယ်။ ခြံဝန်းထဲကို သူ့သားလေးကို ခေါ်လာတဲ့အချိန်မှာတော့ ဗျောက်အိုးတွေကို စတင်ဖောက်လေတယ်။

အဲ့ချိန်တုန်းက ရှောင်းထုလေးက နှစ်လသားလောက်ပဲရှိသေးတယ်။ သူမလေးက ဗျောက်အိုးသံတွေကြားတော့ စိတ်လှုပ်ရှားပြီး လက်ကလေးတွေ ဝေ့ရမ်းပြပြီး အပြင်ထွက်ကြည့်ဖို့ပြောလိုက်တယ်။

ထုထုအမေက သူမကိုခြံထဲခေါ်သွားတဲ့အချိန်မှာ လောင်လင်က သူ့မိန်းမနဲ့သားကို ဂရုတစိုက်နဲ့‌ခေါ်လာနေပါပြီ။ ခုတော့လောင်လင်က ဟိုတစ်ခါကလို အိမ်စီးဖိနပ်နဲ့မဟုတ်ဘဲ အနောက်တိုင်းဝတ်စုံနဲ့ လယ်သာဖိနပ်နဲ့ဖြစ်သည်။ လောင်လင်က သူ့သားကို မိန်းမဆီကနေပွေ့ပြီး ရှောင်းထုနဲ့သူ့အမေဆီကို ခေါ်လာခဲ့တယ်။

“ကလေးလေး မွေးစားအဖေက မင်းရဲ့ မွေးစားမောင်လေးကို ခေါ်လာပြီနော်”

ရှောင်းထုက ကြောင်တောင်တောင်လေးနဲ့ မျက်လုံးလေးတမှိတ်မှိတ်လုပ်နေတယ်။

“နောက်ခါကြရင် မင်းကမမဖြစ်လာတော့မှာနော်။  ပျော်ရဲ့လား။”

ရှောင်းထုက ချစ်စရာကောင်းစွာရယ်လိုက်တယ်။

“ဝါး” လောင်ကျန်းရဲ့လက်ထဲက ကလေးက ငိုတော့တယ်။

ရှောင်းထုအမေကပြောလိုက်တယ်။ “လောင်ကျန်း ရှင့်သားက အားအပြည့်နဲ့ကို ငိုနေပြီပဲ။”

“ဒါပေါ့။ ဒါက ရှောင်းထုလေးရဲ့ကျေးဇူးပေါ့ဗျာ။”

“ဘာလို့ ယဉ်ယဉ်ကျေးကျေး‌တွေ ပြောနေရတာလဲ။ အဝေးကဆွေမျိုးတွေတောင် အိမ်နီးချင်းလောက်မကောင်းနိုင်ပါဘူး။ ခုကစပြီး ရှင့်သားလေးကို ကျွန်မရဲ့ရှောင်းထုလေးက ကာကွယ်ပေးလိမ့်မယ်။ သူကဖြူဖွေးကစ်နေလိမ့်မယ်။”

“ဒါက….ဒါ”

“ဒါနဲ့ ရှင့်တို့သားလေးကို ဘယ်လိုနာမည်ပေးထားလဲ။”

“လင်ချောင်း”

“နာမည်ကောင်းဘဲ။ ကြီးလာရင်တော့ ထူးချွန်တဲ့ကလေးလေးဖြစ်လောက်မယ်။”

လင်ချောင်းရဲ့ငိုသံနဲ့အတူ စကားစပြတ်သွားခဲ့တယ်။

ရှောင်းထုအဖေက ဘေးကနေရေရွတ်လိုက်တယ်။ “ဘယ်လိုတောင်ငိုနိုင်ကြတာလဲ။”

ယုန်ကလေးရဲ့နားခိုရာမြက်ခင်းစိမ်းလေးWhere stories live. Discover now