Chapter 3.1

8 3 0
                                    

ရှောင်းထုလေး ခုနစ်နှစ်ရောက်တဲ့အချိန်မှာ မူလတန်းတက်ဖို့ အချိန်ဖြစ်နေပါပြီ။

ကျောင်းအပ်ရမယ်နေ့မှာ လင်ချောင်းအမေကလည်း သူ့သားကိုပါအပ်ဖို့ခေါ်လာလေတယ်။

ကျောင်းမှာတော့ ကျောင်းအပ်ထားတဲ့ကလေးတွေအတွက် စွမ်းရည်စစ်ဆေးမှု ပြုလုပ်နေလေသည်။
ပုံမှန်ကလေးတွေကိုတော့ ချက်ချင်းလက်ခံပြီး စစ်ဆေးမှုမှာမအောင်တဲ့ကလေးအချို့ကိုတော့ မူကြိုကို အရင်သွားဖို့အကြံပြုကြလေတယ်။

(T/N - ကိုယ်လည်း နည်းနည်းတော့ကြောင်သွားတယ်။ ရှေ့ကသူငယ်တန်းကျောင်းဆိုတာက KG ကိုပြောတာပါ။ ခုကြတော့ test မအောင်ရင်မူကြိုကိုပြန်တတ်ဖို့ ပြောတယ်ဆိုတော့ မျက်စိနည်းနည်းလည်။)

ကံမကောင်းစွာနဲ့ပဲ ရှောင်းထုက ကလေးအချို့ထဲမှာပါသွားလေတယ်။

သူမအမေကတော့ ဂရုမစိုက်ပါဘူး ဒါပေမယ့် ရှောင်းထုကတော့ အသေအလဲငြင်းခဲ့တယ်။

တကယ်လို့ သူမလေးက မူကြိုတက်ရမယ်ဆိုရင် လင်ချောင်းက သူမထက် တစ်တန်းပိုကြီးမသွားဘူးလား။ အစ်မတစ်ယောက်က မောင်ထက် ဘယ်နဲ့ကြောင့် တစ်တန်းငယ်ရမှာလဲ။ ရှောင်းထုက ဒါကိုလက်မခံနိုင်ဘူး။ သူမအမေကို ပထမတန်းကိုတက်ချင်ကြောင်း ပူစာလေတယ်။

သူမအမေကတော့ ဆုတောင်းရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပါဘူး။

ပထမတစ်ကြိမ် သူမသွားတောင်းဆိုတဲ့အချိန်မှာတော့ အလုပ်မဖြစ်ခဲ့ပါဘူး။

ဒုတိယအကြိမ်မှာတော့ သူမပန်းသီးနှစ်ကတ်တီကို လမ်းကြားထဲကဆိုင်ကနေ ဝယ်သွားကာ ထပ်သွားပြီးနောက်မှာတော့ ကျောင်းအုပ်ကြီးက လက်ခံလိုက်ပါတယ်။

ရှောင်းထုက လွယ်အိတ်လေးလွယ်ပြီး ပထမတန်းကိုသွားတက်နေကာ လင်ချောင်းကတော့ ဒုတိယတန်းကိုတက်နေသည်။

ဘာ! ဘာလို့သူတို့နှစ်ယောက်က အတန်းတွေကွဲနေတုန်းပဲလဲ ဟုတ်လား။

ဒါက ရှင်းပါတယ်။ လင်ချောင်းက အရင်စွမ်းရည်စစ်ဆေးမှုမှာ အမှတ်ပြည့်ရတာကြောင့် လူသစ်တွေထဲမှာ ဒုတိယတန်းကို ချက်ချင်းရောက်သွားတဲ့ တစ်ဦးတည်းသော ကျောင်းသားဖြစ်လာတာပါပဲ။

ယုန်ကလေးရဲ့နားခိုရာမြက်ခင်းစိမ်းလေးWhere stories live. Discover now