[ဒီအဘွားအိုမှာ အရမ်းကို တိကျတဲ့အမြင်ရှိတာပဲ ငါလည်း ဒီလူနှစ်ယောက်ကို မကြိုက်ဘူး]

[နာကျင်စေတဲ့စကားလုံးတွေပဲ ငါ ဒီအဘွားကို လက်မထောင်ပြလိုက်ပြီ]

အွန်လိုင်းမှာဆို လူတွေက အကုန်ပြောကြတယ်လေ။ အချို့မက်ဆေ့ချ်တွေက ရိုးရိုးရှင်းရှင်းပင် မြင်မကောင်းလှပေ။

နဉ်နဉ်က အများအားဖြင့် အရမ်းရေပန်းစားသူဖြစ်ပြီး အသေခံပရိသတ်များစွာရှိသလို ဖန်ဒန်းကလည်း တောင့်တင်းတာကြောင့် ဒါက ရှောင်ဟူ့အဖွားရဲ့မှတ်ချက်တွေကနေ ဖြစ်လာတဲ့ ဆိုးကျိုးတွေကို လျင်လျင်မြန်မြန် ဖယ်ရှားပစ်နိုင်တာကြောင့် အဆင်ပြေတယ်။

ဒါပေမယ့် လင်ချန်အန်းကတော့ သိပ်ကံမကောင်းနေဘူး။ ဒီအချိန်မှာ သူ ဒုက္ခရောက်နေပြီ။

သတင်းဖတ်ပြီးနောက် သူက ဖုန်းကို မြေကြီးပေါ် ကြမ်းကြမ်းတမ်းတမ်းပစ်ချပြီး ဆောက်တည်ရာမရစွာ ပြောလိုက်တယ်။ "အဲဒါကို နောက်ကျရင် ပြန်တည်းဖြတ်လိုက်မယ်လို့ သူတို့ ပြောတယ်မဟုတ်ဘူးလား ဘာလို့ မတည်းဖြတ်ရတာလဲ"

သူ့မန်နေဂျာ ၀မ်ကောက သရော်လာတယ်။"ဒီလောက်ကောင်းတဲ့ ဒရာမာဇာတ်ကွက်ကို ဘယ်သူက ဖြတ်ချင်မှာလဲ"

လင်ချန်အန်းက ခွက်နောက်တစ်ခွက်ကို ပြင်းပြင်းထန်ထန် ရိုက်ခွဲလိုက်တယ်။ "နဉ်နဉ်မေးတုန်းက ကင်မရာမင်းက သူဖြတ်ပစ်လိုက်မယ်လို့ ပြောတယ်လေ!"

"လင်ချန်အန်း မင်း ဦးနှောက်မရှိဘူးလား ဖျော်ဖြေရေးနယ်ပယ်မှာ ဒီနှစ်တွေထဲ အရူးတစ်ယောက်လို နေခဲ့တာလား ကင်မရာမင်းက ဘယ်လိုမျိုး နွေကြက်သွန် (m. အောက်ခြေနားကလူ) မျိုးလဲ၊ ဒီလိုကိစ္စမျိုးမှာ သူဘယ်လိုဆုံးဖြတ်ပိုင်ခွင့်ရှိမှာလဲ"

လင်ချန်အန်းက အသက်ပြင်းပြင်းရှူလိုက်တယ်။ "နနကျဲ ဘယ်မှာလဲ၊ နနကျဲကို ဆက်သွယ်ပေး"

လင်ချန်အန်းရဲ့ စကားထဲမှ နနကျဲက ငါးဆယ်ကျော်နေပြီဖြစ်တယ်။ သူက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက သူမအပေါ် မှီခိုလာခဲ့‌ပေမယ့်လည်း သူမကတော့ လွန်ခဲ့တဲ့တစ်လက သူ့ကို အဆက်အသွယ်လုပ်တာ ရပ်တန့်လိုက်ပြီး သူမရဲ့စံအိမ်ကို မလာခိုင်းတော့ဘူး။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now