ကုမျန်က သူ့ခေါင်းကို ပွတ်သပ်ပေးရင်း "စားကြိုးစား၊ ပေချန်းမှာ မင်းကိုစောင့်နေမယ်"

တစ်လခွဲအကြာမှာ ကုမျန်ပါ၀င်ရိုက်ကူးခဲ့တဲ့ "Impossible Challenge" ကို စီစဉ်ထားတဲ့အတိုင်း ပန်းသီးချန်နယ်မှာ ထုတ်လွှင့်ပြသခဲ့တယ်။

ဒီအပိုင်းကို ထုတ်လွှင့်ပြီးနောက် ၂၄ နာရီအတွင်း အွန်လိုင်းထုတ်လွှင့်မှု အရေအတွက်က သန်း ၂၀၀ ကျော်သွားခဲ့ပြီး ဒါက လူကြိုက်အများဆုံး reality TV show ရဲ့ရာဇပလ္လင်ကို သိမ်းပိုက်နိုင်ရုံသာမက "Impossible Challenge" ကိုလည်း အမြင့်ဆုံးနေရာကို တွန်းပို့ခဲ့တယ်။ .

ကုမျန်နဲ့ လော့ချယ်တို့က မရေမတွက်နိုင်တဲ့ ပရိသတ်တွေရရှိဖို့ "Impossible Challenge"ရဲ့ ဒီအပိုင်းကို အားကိုးလို့ရခဲ့တယ်။ ကုမျန်ရဲ့Weibo ပရိသတ်က 10 သန်းကို တိုက်ရိုက်ကျော်လွန်သွားခဲ့ပြီး လော့ချယ်ရဲ့ပရိသတ်တွေကတော့ ကြောက်မက်ဖွယ်ကောင်းလှတဲ့ သန်း 180 ကို ရောက်ရှိသွားခဲ့တယ်။

ဒီအပိုင်းကိုထုတ်လွှင့်လိုက်တာနဲ့ ကုမျန်နဲ့လော့ချယ်ရဲ့ CP အဖွဲ့က ပိုမိုအားကောင်းလာတယ်။ CP ပရိသတ်တွေက အရမ်းကိုကဗျာဆန်လွန်းလှတဲ့ “(လော့လိမျန်)Lóu lĩ mián” ဆိုတဲ့ နာမည်ကိုလည်း သူတို့ကိုယ်သူတို့ ပေးထားကြတယ်။

ပရော်ဖက်ရှင်နယ် ဗီဒီယိုတည်းဖြတ်သူက သူတို့နှစ်ဦးရဲ့ ဗီဒီယိုအတိုလေးတွေကို တူညီတဲ့အကွက်တွေနဲ့ ပြုလုပ်ခဲ့တယ်။ တစ်ယောက်ယောက်က စိတ်ဝင်စားနေသရွေ့ အဲ့ဒီဗီဒီယိုတွေမှာ သူတို့လိုချင်တဲ့ ပျားရည်(အချိုတွေ)ကို အမြဲရှာနိုင်တယ်။

ဒီ CP ပရိသတ်‌တွေက ကောင်းမွန်တဲ့ ပရိသတ်လေးတွေဖြစ်တယ်။ လော့ချယ်ရဲ့ပရိသတ်တွေ တန်ပြန်တိုက်ခိုက်လာမှာစိုးတာကြောင့် သူတို့က သူတို့ကိုယ်သူတို့ အပြင်လောကနဲ့ အဆက်အဆံမလုပ်ဖို့သာ တတ်နိုင်ကြတယ်။

သူတို့က အဖွဲ့ထဲမှာ လော့ချယ်နဲ့ကုမျန်တို့ရဲ့ ချိုမြိန်လှတဲ့ ကာတွန်းပုံအချို့ကို မကြာခဏ မျှဝေတတ်ကြပြီး ထိုကာတွန်းရုပ်ပုံတွေမှာ စကားလုံးတွေ ထည့်ထားတတ်ကြတယ်။

ဥပမာ- လော့ချယ်နဲ့ ကုမျန်တို့ရဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေတဲ့ ကာတွန်းပုံတွေမှာ "အချစ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက်ကြည့်နေ"ဆိုတဲ့ စကားလုံးနဲ့အတူ ပန်းရောင်ဖောင့်တွေအသုံးပြုထားပြီး တစ်ဖက်မှာတော့ ခုန်ပေါက်နေတဲ့ အနီရောင်နှလုံးသားလေးရှိတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Onde histórias criam vida. Descubra agora