နဉ်နဉ်က မျက်လုံးလှိမ့်ပြီး တစ်ခုခုပြန်ပြောလိုက်ချင်ပေမယ့် ကျန်းကျစ်က သူမကို ပြောခွင့်မပေးခဲ့ဘူး။"ငါတို့ မကြာခင် ရောက်တော့မယ်၊ ခနနေ ငါးများများပိုဖမ်းမိဖို့ ကြိုးစားပြီး ပြင်ဆင်ကြရအောင်"

တစ်ဖက်မှာ ကုမျန်နဲ့အခြားသူတွေ ပြန်ရောက်လာပြီးနောက်၊ ပရိုဂရမ်ဝန်ထမ်းတွေက ငါးကို ပထမဆုံးချိန်တွယ်လိုက်ကြတယ်။ အသက်ရှင်နေတဲ့ငါးတွေ ပြည့်နှက်နေတဲ့ ပုံးတစ်ပုံးက စုစုပေါင်းငါးကတ်တီရှိတယ်။

သူတို့ အေးစိမ့်နေတဲ့လေထဲမှာ ခဏလောက်စောင့်ဆိုင်းပြီးနောက် လျူလင်းတို့အဖွဲ့လည်း ပြန်ရောက်လာကြတယ်။

လော့ချယ်တို့အဖွဲ့ရဲ့ စွမ်းဆောင်မှုနဲ့ ကွာခြားတဲ့ ငါးသုံးကောင်ကိုဖမ်းမိခဲ့ပြီး စုစုပေါင်း ငါးကတ်တီရှိတယ်။

နောက်ဆုံးတစ်ဖွဲ့ကတော့ လင်ချန်အန်းတို့အဖွဲ့ပါ။

သူတို့က တစ်ကတ်တီထက် အနည်းငယ်သာပိုတဲ့ ငါးတစ်ကောင်သာဖမ်းမိခဲ့တာကြောင့် သူတို့အဖွဲ့ရဲ့ ရလဒ်က အဆိုးဆုံးပင်။

အားလုံးရောက်လာတာနဲ့ တင်ဆက်သူက လက်ခုပ်တီးလိုက်ပြီး "ကဲ နေ့လယ်စာ အရင်ပြင်ကြရအောင် အရံဟင်းလျာတွေနဲ့ မီးဖိုတွေကို ပရိုဂရမ်အဖွဲ့က မင်းတို့အတွက် ပြင်ဆင်ပေးထားပြီးပြီ နေ့လယ်စာစားပြီးတဲ့အချိန်ရောက်ရင် ဒီအပိုင်းရဲ့ အဖွဲ့အဆင့်ကို ကျွန်တော်တို့ကြေညာလို့ရပြီ"

လှေသမားက သူနဲ့အတူ အရမ်းကိုအလုပ်များနေတယ်။ ငါးသတ်တာလို အရာမျိုးက လှေသမားပေါ် ရောက်သွားတော့တယ်။

လော့ချယ်က မီးဖိုချောင်ထဲမှာ ငရုတ်ကောင်း ၊ ဂျင်းနဲ့ ကြက်သွန်မြိတ်တွေကို ပြင်ဆင်နေတယ်။

ကုမျန်က ငါးကို အိုးထဲထည့်လိုက်တယ်။

လီရှောင်းဟယ်က ဘာမှလုပ်စရာမရှိတဲ့ တစ်ဦးတည်းသောသူဖြစ်တယ်။ ကုမျန်နဲ့ တခြားသူတွေ အလုပ်ရှုပ်နေတာကိုတွေ့တော့ သူမက အနည်းငယ်ရှက်သွားတာမို့ "ခနနေရင် ကြက်သွန်မြိတ်နဲ့ ကြက်ဥ ကျွန်မမွှေမယ်နော်"

အဓိကဟင်းကတော့ ငါးပဲ၊ ဒါပေမယ့် ငါးတစ်မျိုးတည်းက အဆင်မပြေတဲ့အတွက် ပရိုဂရမ်အဖွဲ့က သူတို့အတွက် ဟင်းသီးဟင်းရွက်နဲ့ ကြက်ဥတချို့ကို ပြင်ဆင်ထားပေးတယ်လေ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Kde žijí příběhy. Začni objevovat