လင်ချန်အန်းရဲ့သစ္စာဖောက်မှုက လော့ချယ်အပေါ် အချို့သောအကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်၊ ဥပမာအားဖြင့်၊ အခြားသူတွေကို အလွယ်တကူမယုံကြည်အောင် သူ့ကိုယ်သူ တားဆီးထားတာမျိုး။ ဒီလိုမှမဟုတ်ရင် သူ နှစ်အတော်ကြာအောင် သူငယ်ချင်းမထားမှာ မဟုတ်ဘူးလေ။

ကုမျန်က လဲလျောင်းပြီး သိပ်မကြာခင်မှာပဲ အိပ်ပျော်သွားခဲ့တယ်။

နောက်နေ့မှာ အပြင်ဘက်မှအသံတွေကြောင့် သူမ နိုးလာတယ်။

ဒုတိယစိန်ခေါ်မှုရှိနေဆဲဖြစ်တာကြောင့် အဖွဲ့က စောစောစီးစီး အလုပ်စတင်ခဲ့ကြတယ်။

မနက်စာကို ပရိုဂရမ်အဖွဲ့မှ ပြင်ဆင်ပေးထားတာကြောင့် ဒေသခံရွာသားတွေရဲ့ အိမ်ကိုသွားစားဖို့ မလိုအပ်တော့ဘဲ ဒါက ကျန်အုပ်စုနှစ်စုကို အရှက်ရစေမှာကနေ ကယ်တင်ခဲ့တယ်။

နံနက်စာစားပြီးနောက်မှာ ပရိုဂရမ်အဖွဲ့ကနေ ဒုတိယစိန်ခေါ်မှုမစ်ရှင်ကို ကြေညာလိမ့်မယ်။

တင်ဆက်သူက ဧည့်သည်တွေကို အပြုံးတစ်ပွင့်နဲ့ ကြည့်လိုက်တယ်။ တချို့က စားစရာမရှိလို့ ကောင်းကောင်းအိပ်မပျော်ခဲ့ကြပုံရတယ် ။ "မင်းတို့ ကောင်းကောင်းအိပ်မပျော်ခဲ့ကြတဲ့ပုံပဲ ဒါပေမယ့် ဒီနေ့ မင်းတို့ ဘယ်လိုလုပ်ကြမလဲ စိန်ခေါ်မှုတာ၀န်က အားအင်သုံးရတယ် အားအင်တွေအများကြီးနော်"

တင်ဆက်သူရဲ့ စကားသံထွက်လာတာနဲ့တပြိုင်နက် ဧည့်သည်အချို့က အော်ဟစ်လိုက်ကြတယ်။

လျူလင်းက ကူကယ်ရာမဲ့စွာနဲ့ ပြောလာတယ်။ "ဟေး ခင်ဗျားတို့ ကျွန်တော်တို့ကို ကောင်းကောင်း ဆက်ဆံပေးလို့ရမလား"

"*ခေါင်းဆန့်တာပဲဖြစ်ဖြစ် ခေါင်းကျုံ့လိုက်တာပဲဖြစ်ဖြစ်၊ ဓားနဲ့ ရင်ဆိုင်ရမှာပဲ၊ တင်ဆက်သူ ကျေးဇူးပြုပြီး အချိန်ကောင်းလေးပေးပါဦး"

"တာ၀န်ကဘာလဲ တင်ဆက်သူရေ ရှင့်အမူအရာကိုမြင်တော့ ကျွန်မအရမ်းထိတ်လန့်နေမိပြီ"

တင်ဆက်သူက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ဒီတာ၀န်က တစ်ချို့အတွက် လွယ်လိမ့်မယ်၊ တချို့တွေအတွက်တော့ ခက်ခဲလိမ့်မယ်"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now