Part-18

164 25 7
                                    

U/Z

"ဂျောင်ဆူး! "

ကျောင်းဝန်းထဲစဝင်သည်နှင့် ကျောင်းဝန်းထိပ်‌တွင် စောင့်ကာလက်ပြနှုတ်ဆက်လာသည့် ဘမ်ဘမ်ကိုတွေ့ရသည်။ ဂျောင်ဆူးလည်း ပြန်လည်လက်ယမ်းပြလိုက်ကာ သူရပ်နေရာသို့ လျှောက်သွားလိုက်သည်။

"မတွေ့တာကြာလို့ သတိရနေတာကွ"

"မင်းကဘယ်တွေသဝေထိုးနေတာလဲ၊ ငါဖုန်းခေါ်တာလဲမကိုင်ဘူး"

"ငါ့ဖုန်းကရေထဲပြုတ်ချသွားလို့လေ ဆက်မရတော့တာ၊ နယ်ခဏပြန်သွားလို့ ခရီးလွန်နေတာကွ"

အမှန်ဆိုကျောင်းတက်တာ တစ်ပတ်ရှိပြီ ဘမ်ဘမ်ကခရီးလွန်နေတာကြောင့် ဒီနေ့မှကျောင်းလာတာဖြစ်သည်။ ဂျောင်ဆူးတစ်ယောက်တည်းသာ ကျောင်းမှာပျင်းခြောက်ခြောက်ဖြစ်နေရတာ။

"အတန်းမတက်ခင် တစ်ခုခုသွားစားရအောင်လေ၊ ငါဗိုက်ဆာလို့"

"ဘာစားဖို့လဲ?"

"ပီဇာစားကြမလား ပြီးတော့ အအေးနဲ့လေ"

"အင်းပါ ငါဝယ်ကျွေးမယ်..... မင်းကခရီးပန်းလာတာမလား"

"ရပါတယ်ကွ မင်းကလဲ၊ မင်းကျွေးမယ်ဆိုတော့လည်းငါကစားရတာပေါ့ ဟုတ်ဘူးလား ဟဲဟဲ"

သူငယ်ချင်းနှစ်ယောက်စကားတပြောပြောနှင့်ကျောင်းကန်တင်းဆီလျှောက်သွားကြသည်။ အအေးကိုဂျောင်ဆူးကသွားမှာပေးပြီး ဘမ်ဘမ်ကပီဇာချပ်ကိုင်ကာ ခပ်လှမ်းလှမ်းက အပင်တစ်ပင်အောက်ကခုံတန်းတွင်ထိုင်စောင့်နေသည်။

"Strawberry latteနှစ်ခွက်ရပြီနော်"

ဆိုင်ရှင်အန်တီကြီးရဲ့ သတိပေးသံကြောင့် ဂျောင်ဆူး အအေးနှစ်ခွက်သွားယူရန်ထလိုက်သည်။

"ဒီမှာအန်တီ ပိုက်ဆံ"

"အဲ့ဒါကျွန်တော့်ဟာဗျ!"

ဂျောင်ဆူးစကားကြောင့် latte နှစ်ခွက်ကိုင်ထားသည့်သူက ဂျောင်ဆူးအားလှည့်ကြည့်လာသည်။ ဂျောင်ဆူးကလည်းမှာထားတာကြာပြီမို့ ကိုယ့်ဟာကိုသူများဆီမပေးလိုက်နိုင်ပါ။

"ဪ....ဟုတ်တယ်ကောင်လေး၊ အဲ့ဒါဒီကကောင်လေးမှာထားတဲ့ဟာ၊ မင်းဟာကခဏစောင့်ပေးအုံးနော်"

🌹မမုန်းရက်ပါ နှင်းဆီနီ🌹 (🌹 မမုန်းရက်ပါ နှငနှးဆီနီ🌹Where stories live. Discover now