Part -15

192 27 8
                                    

U/Z

ဧည့်ခန်းထဲတွင် မတ်တပ်ရပ်ဖုန်းပြောနေသူတစ်ယောက်နဲ့ ထိုဖုန်းပြောနေသူအားကြည့်နေသည့် ထိုင်နေသူတစ်ယောက်။ဖုန်းပြောနေသူကတော့ စိတ်ရှုပ်ထွေးကာ ခါးထောက်စကားပြောနေသည်ဆိုပေမယ့် ထိုင်နေသူကတော့ မည်သည်ကိုမှအပူအပင်မရှိသည့်ဟန်။

"အင်း ကျွန်တော်ကြည့်ပြောလိုက်မယ်"

ချန်းယောလ်တစ်ယောက်ဖုန်းပြောပြီးသည်နှင့် ‌ဧည့်ခန်းဆိုဖာပေါ်အခန့်သားထိုင်နေသည့်ကောင်ရှေ့ဝင်ထိုင်လိုက်သည်။

"ပြောစမ်းပါအုံး ကျောင်းဆက်မတတ်ပဲဒီကိုပြန်လာရတဲ့အကြောင်းအရင်း....."

"ဒီအတိုင်း......"

ကြည့် ဖြေပုံက 'ဒီအတိုင်း'ဆိုပဲ၊ ဒီအတိုင်းမတက်ချင်လို့မတက်တာဆိုတဲ့သဘောပေါ့။ အခုပဲသူ့အမေက ဖုတ်ပူမီးတိုက် ဖြစ်ပြီး သူ့သားကိုပြန်လာအောင် ကိုယ့်ကိုပါလာဖျောင်းဖျခိုင်းနေသေးသည်။ သူ့သားသမီးသူတောင်မနိုင်လို့ လွှတ်ထားရတာကို ကိုယ်ပြောတော့ရောရမှာတဲ့လား။ ပြောရင်တော့ 'လေးငယ်ကိုတော့ လေးစားပါတယ်' ဆိုတာကလာသေးသည်။

"ဆယ်ဟွန်း! မင်းအခုလိုလုပ်ချင်တာတွေလျှောက်လုပ်နေလို့မရဘူး၊ မင်းငယ်သေးတယ် ကလေးပဲရှိသေးတယ်"

"လေးငယ်တို့ကလည်းဗျာ တစ်ခါလာလည်းကလေး၊ တစ်ခါလာလည်းငယ်သေးတယ်၊ ကျွန်တော်ကလေးမဟုတ်တော့ဘူးဗျ!"

"ပြောစမ်းပါအုံး မင်းကလေးမဟုတ်ရင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်နေပြီလားလို့...."

"လေးငယ် ကျွန်တော့်ကိုအဲ့ဒီလောက်အထင်မသေးပါနဲ့၊ ကျွန်တော် လုပ်နိုင်တယ်"

ပြောရင်လည်းဒီကောင်နာသေးတယ်။ အခုအနေကျောင်းတက်ရမယ့်အရွယ်မို့ ကျောင်းတက်ခိုင်းတာကို ဘာကိစ္စ ကျောင်းဆက်မတက်ချင်ရတာတဲ့လား။ မေးလည်းမဖြေ။

"မင်းဒီကိုပြန်လာရတဲ့အကြောင်းအရင်းကိုပြော!....."

"လေးငယ်သိဖို့မလိုတဲ့ကိစ္စပါ၊ မဟုတ်ဘူး....လေးငယ်သိပြီးသားပဲ ကျွန်တော့်ကိုဘာလို့လာမေးနေတာလဲ"

🌹မမုန်းရက်ပါ နှင်းဆီနီ🌹 (🌹 မမုန်းရက်ပါ နှငနှးဆီနီ🌹Where stories live. Discover now