Part-13

185 29 12
                                    

U/Z

ကားမှန်မှတစ်ဆင့်မြင်နေသော အပြင်ရဲ့ပတ်ဝန်းကျင်ဟာ စိမ်းသက်သက်ဖြစ်နေတာကြောင့် သူ့ဘက်သို့လှည့်ကြည့်လိုက်သည်။

"ဘယ်သွားနေတာလဲ?"

"အလုပ်ကိစ္စတစ်ခုရှိလို့..."

"ဘယ်ကိုလဲ?"

သူမဖြေ။ သူ့အလုပ်ကိစ္စရှိနေတာပဲ ဘာလို့ကိုယ့်ကိုလာခေါ်ရသလဲ။ တကယ်ဆို ဂျောင်ဆူးအရမ်းနားချင်နေပြီဖြစ်သည်။ လူကဆေးသောက်ထားတဲ့အရှိန်ကြောင့်လည်း နုံးပြီးအိပ်ချင်နေတာဖြစ်သည်။

"ကျွန်တော်အိမ်ပဲပြန်ပါရစေ၊ မအားဘူးဆိုလည်း ဒီမှာပဲကျွန်တော်ဆင်းနေခဲ့လိုက်ပါ့မယ်"

သူမျက်နှာက ချက်ချင်းလိုတာထက်ပိုတင်းမာသွားမှန်းသတိထားမိလိုက်သည်။ ဟုတ်တယ်လေ ဘယ်သူကရောသူ့ကိုလာခေါ်ဖို့ပြောလို့လဲ။ သူ့အလုပ်သူအေးဆေးလုပ်ရင် ပြီးနေတာကို။ ကျွန်တော့်ကိုသူမကြည့်ပဲ ကားကိုသာ မောင်းနေသည်။

"ကျွန်တော် ဒီမှာဆင်းလိုက်မယ်"

"ကျစ်! သိပ်စကားမများနဲ့ တိတ်တိတ်နေ! အာရုံနောက်အောင်မလုပ်နဲ့"

ဟော ကြည့်ပါလား ဒီအတ္တသမားဟာလေ
ပြောပြန်ရင်လည်း ကိုယ်ကသာအပြစ်မို့ ဂျောင်ဆူးဘာမှဆက်မပြောတော့ပါ။ ဆက်ပြောချင်စိတ်လည်းမရှိဘူးလေ ။သူနဲ့ပြောနေလည်း ဘာမှထူးခြားလာမှာမှမဟုတ်တာ။ သက်ပြင်းတစ်ချက်ကိုခပ်ဖွဖွချမိရင်းသာ သူခေါ်ရာနောက်တိတ်တဆိတ်လိုက်ခဲ့ရင်း အပြင်ဘက်ပတ်ဝန်းကျင်ကိုသာအကြည့်ပို့လိုက်သည်။

မြို့ပြင်ဘက်မကျတကျပေမယ့် ဆိုးလ်နဲ့တစ်နာရီကျော်ကျော်လောက်မောင်းလာသည့်နေရာဖြစ်သည်။ မြေကွက်ကိစ္စ ပိုင်ရှင်နဲ့စကားပြောစရာရှိတာကြောင့်ဖြစ်သည်။ ချန်းယောလ်ကားကို ရပ်ပြီး ကားပေါ်ကဆင်းသည့်အထိ ဘေးကတစ်ယောက်ကဆင်းမလာသေး။ တံခါးကိုဖွင့်ပြီး တစ်ချက်ကြည့်ပေးလိုက်တော့ 'ဘာလဲ' ဆိုသည့်မျက်နှာထားဖြင့်။

"မဆင်းပဲ ဘာထိုင်လုပ်နေတာလဲ အဲ့မှာ"

"ခင်ဗျားအလုပ်ကိစ္စပဲလေ ကျွန်တော့်ပါစရာလိုလို့လား"

🌹မမုန်းရက်ပါ နှင်းဆီနီ🌹 (🌹 မမုန်းရက်ပါ နှငနှးဆီနီ🌹Where stories live. Discover now