Part-10

150 25 7
                                    

U/Z

တရွေ့ရွေ့လွင့်မျောနေသည့်တိမ်ဆိုင်တွေကြား ကျွန်တော်ဟာတိုးဝှေ့လိုက်ပါ စီးမျောလိုက်ချင်သည်။စိတ်အစဉ်က အတိတ်ရဲ့လွင်ပြင်ထဲမှာပဲ တဝဲလည်လည်နှင့်။ အချိန်တွေကိုနောက်ပြန်ဆုတ်လို့ရခဲ့ရင် ကျွန်တော်ဟာ ဒီတွေ့ဆုံမှုတွေမှာပါဝင်ပတ်သက်ခြင်းတွေမပြုချင်ပါ။

ထိုနေ့ကကျွန်တော့်ကမ္ဘာကြီးအမှောင်ကျသည့်နေ့၊ အရာအားလုံးလဲပြိုသွားတဲ့နေ့ ကျွန်တော်ရှေ့ဆက်ဖို့ခွန်အားတို့မရှိတော့အောင် ဖြစ်ခဲ့ရတဲ့နေ့တနေ့။

"မာမီ!"

"သား လာလေ"

"မာမီ ဆေးလေးသောက်လိုက်ပါအုံး"

"အေးအေး"

ကျွန်တော်ကမ်းပေးသည့်ဆေးကို မာမီဟာလှမ်းယူသောက်သည်။

"သား မင်းဒယ်ဒီပြန်မလာသေးဘူးလား"

"မလာသေးဘူးမာမီ၊ မာမီဘာလိုလို့လဲ တစ်ခုခုဆိုသားကိုပြောလေ"

"မလိုပါဘူး သားရယ်၊ သားသွားနားတော့လေ မာမီလည်းအိပ်တော့မှာ"

အားနည်းနေသည့်မျက်နှာပေါ်မှာ သိမ်ငယ်နေသည့်မျက်ဝန်းတစ်စုံကဝေ့သီနေသည့်မျက်ရည်စတချို့ကိုတော့ ကျွန်တော်ကလွဲပြီးဘယ်သူမြင်နိုင်မှာတဲ့လဲ။

"သားစာကျက်ရင်းမာမီ အိပ်‌သွားတဲ့အချိန်ထိစောင့်နေမယ်"

"သဘောပါ အရမ်းဉာဉ့်နက်တဲ့အထိမနေနဲ့နော်"

"ဟုတ်ကဲ့"

မာမီဟာစိတ်ထောင်းလို့ကိုယ်ကြေဆိုသလို သူ့ရောဂါဟာ ဘာမှန်းမသိလိုက်ခင်မှာတဖြည်းဖြည်းဆိုးရွားလာခဲ့သည်။ တချိန်ကသိပ်ကိုလှပကျော့ရှင်းသည့် အမျိုးသမီးဟာ အပူတကာ့အပူထဲကအိမ်ထောင်ရေးအပူနဲ့တွေ့လေတော့ အားလုံးကိုလက်မြှောက်လို့အရှုံးပေးရသည့်ဖြစ်ခြင်း။ ကျွန်တော်မသိစေချင်လို့ ဟန်ဆောင်ကာဖုံးဖိနေသည့်မာမီအပြုံးကမပီပြင်တော့ဘူးမာမီ။ အဲ့ဒါထက် ကျွန်တော်ဟာဘာကိုမှမသိနိုင်လောက်တဲ့ခပ်ညံ့ညံ့သားမှမဟုတ်ပဲမာမီ ဒယ်ဒီဘာတွေလုပ်နေသလဲ ကျွန်တော်မသိပဲနေပါ့မလား။ မာမီကမသိစေချင်လို့ မသိချင်ယောင်ဆောင်ပေးနေတာလောက်ပါပဲမာမီ။

🌹မမုန်းရက်ပါ နှင်းဆီနီ🌹 (🌹 မမုန်းရက်ပါ နှငနှးဆီနီ🌹Where stories live. Discover now