Part -17

160 22 1
                                    

U/Z

စာအုပ်တစ်အုပ်ကိုကောက်ကိုင်ဖတ်ပြီး အာရုံမစိုက်နိုင်ဖြစ်နေသလို တစ်ဖက်မှာလည်း စားပွဲခုံပေါ်မှဖုန်းကိုလည်း ဂရုမစိုက်စွာနေနေသည်။ ဘာလို့အဲ့‌ဒီလောက်ခေါ်နေရသည်တဲ့လဲ သောက်လုပ်အသေရှုပ်တာပဲ။ သူမြည်နေသည့် ဖုန်းကို‌ စိတ်မရှည်စွာ ကောက်ကိုင်လိုက်မိသည်။ ‌ဒေါသကလည်းအနည်းငယ်စွတ်ချင်နေပြီဆိုတာ သူကိုယ်တိုင်အသိဆုံး။

"ဂျောင်ဆူး......အိပ်နေပြီလားဟင်! ကိုယ်ဖုန်းခေါ်တာအနှောက်အယှက်များဖြစ်သွားသလား၊ကိုယ့်စိတ်ထဲတမျိုးဖြစ်နေလို့လေ ရာသီဥတုကလည်းတစ်မျိုးပဲမို့ ဂရုတစိုက်လေးနေနော်"

ကြားနေရသည့်စကားသံတွေက တော်ရုံလူဆိုပစ်ကြွေချင်စရာကောင်းလောက်ပေမယ့် သူ့အတွက်တော့ အတော်ကိုကြားရနားဝဆိုးလှသည်။ သည်ကောင်နဲ့သူနဲ့ကဘယ်လိုရေစက်မို့ ဒီလောက်ကြည့်မရဖြစ်နေရသည်လည်းမပြောတတ်တော့ပေ။

"မသိရင် သိပ်ပြီးစိတ်ချင်းနီးစပ်နေသလို လုပ်ပြမနေစမ်းပါနဲ့!"

"ပတ်ချန်းယောလ်? "

ချန်းယောလ်အသံကြောင့် တစ်ဖက်ကအနည်းငယ်အံ့ဩသွားသလိုရှိပေမယ့် ဘာမှထူးဆန်းသည့်အရိပ်အယောင်တော့မပြ။

"ခင်များ ဂျောင်ဆူးဖုန်းအထိလိုက်သိမ်းထားတာတော့မဖြစ်သင့်ဘူးလေ"

"ဘာတွေရမ်းပြောနေတာလဲ၊ အကယ်၍သိမ်းတယ်ပဲထားအုံး ဘာလို့မဖြစ်သင့်ရမှာလဲ"

"သူကခင်များအိမ်မှာအလုပ်လုပ်နေရတာဆိုပေမယ့် သူ့ရဲ့လွတ်လပ်ခွင့်အထိတော့ ခင်များဝင်မစွတ်ဖက်ဖို့မျှော်လင့်တယ်၊ ခင်များသာ လူကြီးလူကောင်းပီသတယ်ဆိုရင်ပေါ့လေ"

ကြည့်စမ်းပါအုံး ဆရာဝန်ရဲ့စကားတွေက ဘယ်ကားထဲကစကားလုံးတွေပါလိမ့် သူ့ဒေါသကိုတမင်ဆွနေသလိုပင်။ ဆရာဝန်မလုပ်ပဲ ရှေ့နေလုပ်စားရမှာ ဒီလောက်စကားရည်လုချင်တဲ့ကောင်။ အပြင်ကတစ်ယောက်ကို‌ဖြစ်နေသည့်ဒေါသကပြေသေးတာမဟုတ် အခုဒင်းကပါငါ့ကို။

"မင်းကများငါ့ကို....."

"ကျွန်တော်ကအမှန်ပြောတာပါ၊ ဂျောင်ဆူးကျွန်တော်နဲ့ပတ်သက်တာကို ခင်များဘာလို့သဘောမကျလည်းကျွန်တော်စဉ်းစားမရဘူး၊ မဟုတ်ဘူး....ကျွန်တော်မှမဟုတ်ဘူး ခင်များကဘယ်သူနဲ့ဖြစ်ဖြစ်သဘောမကျတာ"

🌹မမုန်းရက်ပါ နှင်းဆီနီ🌹 (🌹 မမုန်းရက်ပါ နှငနှးဆီနီ🌹Where stories live. Discover now