Part-6

124 28 7
                                    

U/Z

ဖုန်းScreen ပေါ်တွင်‌ေပါ်လာသည်မျက်နှာဟာ သူ့ဘဝရဲ့စိတ်ပင်ပန်းမှုတွေကို ကင်းဝေးသွားစေသည်။

"သားကြီး! အဆင်ပြေရဲ့လား၊ အလုပ်လုပ်ရတာရော နေရစားရ‌တာရော...."

"မေးခွန်းတွေများလိုက်တာမေမေရယ် သားအဆင်ပြေပါတယ်၊ နေရတာလည်းအဆင်ပြေတယ် စားရတာလည်းပြေတယ်၊ အလုပ်ကလည်းဟိုနဲနဲ ဒီနဲနဲပဲလုပ်ရတာဘာမှမပင်ပန်းပါဘူး"

"တော်သေးတာပေါ့ သားရယ် မေမေကစိတ်ပူနေရတာလေ ငါ့သားကြီးအဆင်မှပြေပါ့မလားလို့ "

မေမေ့ကိုမြင်ပြီးမေမေ့စကားတွေကြားရတော့ သူ့စိတ်တို့ကအနည်းငယ်လွတ်ထွက်ချင်မိသည်။ ဒါပေမယ့် သူဒီကိုရောက်တာတစ်ရက်ပဲရှိသေးတာလေ မေမေစိတ်ပူအောင်သူမနေပြသင့်ဘူးမဟုတ်လား။ ဝေ့ဝဲတက်လာသည့်မျက်ရည်တို့ကို မျက်တောင်ဖြင့်ပုတ်ခတ်ကာဖယ်ရှားပျောက်ကွယ်စေလိုက်ပြီး

"သားကိုစိတ်မပူပါနဲ့မေမေရယ် မေမေသာကျန်းမာရေးဂရုစိုက်ပြီးနေပေး၊ မေမေနဲ့ညီလေးကအဆင်ပြေနေရင် သားဘဝမှာ အရာရာပြည့်စုံတယ်"

"ဟုတ်ပါပြီကွယ် မေမေ့ကိုမကြာမကြာတော့ဖုန်းဆက်ပါ၊ မေမေလွမ်းနေရလို့ သားညီလေးရောပဲ သားကိုလွမ်း‌နေတာ "

မေမေကကျလာသည့်မျက်ရည်တို့ကို အသာသုတ်ရင်း ခပ်ပြုံးပြုံးနှင့်ပြောရှာသည်။

"သားကလည်း လွမ်းနေမှာပါ၊ တစ်ခါတလေကျဖုန်းနဲ့လူနဲ့မကပ်တဲ့အခါမျိုးရှိရင်တော့ မေမေကနားလည်ပေးပေါ့"

"မေမေကနားလည်ပါတယ်၊ မေမေ့သားကြီးအဆင်ပြေနေဖို့ပါပဲ"

"ကဲပါ မေမေ့ကိုသားနေတဲ့နေရာပြပေးမယ်"

ဂျောင်ဆူးပြောရင်းသူနေတဲ့အခန်းကိုဖုန်းထဲကနေ လှည့်ပတ်ပြလိုက်သည်။ စတိုခန်းဆိုပေမယ့်လည်း သပ်သပ်ရပ်ရပ်နေတတ်သူ ဂျောင်ဆူးကအတော်လေးရှင်းလင်းထားတာကြောင့် သန့်ရှင်းနေသည်မို့ ‌ခပ်ကျဉ်းကျဉ်းနေရသည့်အိမ်ကလေးနှင့်ယှဉ်လျှင် ပိုကောင်းတယ်လို့မေမေကထင်သွားပုံရသည်။
သူအဆင်ပြေနေသည်ဆိုသည့်ပုံစံသာမေမေ့ကိုပြချင်သည်။ ထို့နောက်ထမင်းစားခန်းထဲမှသူချက်ထားသည့်ဟင်းတွေကိုလည်းမပါမဖြစ်ရိုက်ပြခဲ့သေးသည်။

🌹မမုန်းရက်ပါ နှင်းဆီနီ🌹 (🌹 မမုန်းရက်ပါ နှငနှးဆီနီ🌹Where stories live. Discover now