Part-11

158 24 11
                                    

U/Z

"Baekkie! မင်းကကွာ၊ မဟုတ်သေးပါဘူး"

"ငါတမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး ချန်းယောလ်ရာ"

"ဒါပေမယ့် အခုလည်းမင်းအရင်တုန်းကလိုပဲလုပ်နေတာလေ "

"မဟုတ်ရပါဘူးကွာ"

"မင်းပြောတော့ ငါ့ကိုချစ်တယ်ဆို"

ဆူပုတ်ပုတ်နှင့် ကလေးလိုပြုမူနေသည့် ချန်းယောလ်ကိုသူအဘယ်လို ချော့ရမလဲမသိတော့ချေ။ ဒီလိုပုံစံကမှ သူများတွေမသိတဲ့ချန်းယောလ်ရဲ့တဖက်ခြမ်းကပုံစံတစ်မျိုးဖြစ်သည်။ ချန်းယောလ်ရဲ့ နူးညံ့မှုနှင့် ကလေးဆန်မှုကိုတွေ့ရမည်သူဟာ သူတကယ်ကို စိတ်ရင်းမှန်နဲ့ချစ်ခင်တဲ့သူဖြစ်လိမ့်မည်။

"မင်းကလေးလို မလုပ်စမ်းပါနဲ့ ချန်းယောလ်ရာ"

"ငါ့က ကလေးလိုလုပ်တယ်ဟုတ်လား၊ ငါအခုလုပ်နေတာ ကလေးကလားဆန်နေတယ်လို့ မင်းကပြောနေတာလား"

ခါးထောက်ကာကျောခိုင်းထားသည့်ချန်းယောလ်က သူ့စကားကြောင့် အတော်စိတ်ဆိုးသွားပုံရသည်။ ချက်ချင်းပင် ဘတ်ခ်ဟျွန်းရှေ့ရောက်ချလာသည်။

"Baekkie ငါကလေ တစ်ကောင်ကြွက်ပဲ ဘဝကိုဖြတ်သန်းလာရတဲ့ကောင်ပါကွ၊ ငါ့ဘဝရဲ့အမှတ်ရစေတဲ့နေ့တွေတိုင်းကိုငါကရင်နာနာနဲ့တစ်ယောက်ထဲဖြတ်သန်းခဲ့ရတာချည်းပဲ၊ ငါကဘယ်သူ့ရှေ့မှာမှ ပျော့ညံ့တဲ့ငါ့ရဲ့ပုံစံမျိုးကိုမပြချင်ခဲ့လို့ ငါသန်မာပါတယ်ဆိုပြီး ဟန်ဆောင်နေခဲ့ရုံပဲ ဘယ်လိုပဲဖြစ်ဖြစ် ငါလည်းခံစားတတ်တဲ့လူတစ်ယောက်ပဲလေ"

ဘတ်ခ်ဟွန်းက ပင့်သက်ရှိုက်ကာသာ ချန်းယောလ်ကိုကြည့်နေမိတော့သည်။ တကယ်လည်းချန်းယောလ်ပြောသလို သူ့ဘဝဟာလူတွေအမြင်မှာပြည့်စုံကြွယ်ဝနေသယောင်ရှိပေမယ့် ငတ်မွတ်နေသည့်အရာတွေမှအများကြီးရယ်ပါ။ ချန်းယောလ်က ဘတ်ခ်ဟျွန်းသူ့ကိုကြည့်နေသည့်အကြည့်များကြောင့်

"မင်း သိရက်နဲ့Baekkie"

သူပြောကာ ရုံးခန်းထဲကဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်မိသည်။

"ငါကလည်း ခဏပဲပြန်မှာပါ၊ မပြန်လို့ကလည်းလုံးဝမဖြစ်လို့ ငါ့စာရွက်စာတမ်းတွေနဲ့ ဒီဇိုင်းတွေက ငါ့ကိုယ်တိုင်သိမ်းထားခဲ့တာလေ ဘယ်သူနဲ့မှမှာလို့ ခိုင်းလို့လည်းအဆင်မပြေဘူးလေ"

🌹မမုန်းရက်ပါ နှင်းဆီနီ🌹 (🌹 မမုန်းရက်ပါ နှငနှးဆီနီ🌹Dove le storie prendono vita. Scoprilo ora