Part-8

148 27 9
                                    

(U/Z)

"ကျွန်တော်တို့ ချန်းယောလ်ကဒီတစ်ခါတော့ တော်တော်လေးအဆင်ပြေနေသားပဲ၊ ခုရော ဘယ်လိုနေသေးလဲ"

"ခေါင်းက နည်းနည်းပဲလေးတာပါ"

"ဖျားနေတော့ လူကမလန်းပဲခေါင်းလေးတာပါ "

မိသားစုဆရာဝန်ကြီးက လိုအပ်တာတွေလာရောက်စစ်ဆေးပေးနေသည်။ အကြောင်းသိလူတွေမို့ အပြောအဆိုလည်းပေါ့ပေါ့ပါးပါးပင်။ ဂျောင်ဆူးကတော့ သူတို့ဘေးမှာပဲ ရပ်ပြီးစောင့်နေတာဖြစ်သည်။

"အမြဲအဖျားကကြာတတ်တော့ အခုလည်းကျွန်တော်ကလိုအပ်တဲ့ဆေးတွေပေးခဲ့ပါ့မယ်"

"ဟုတ်ကဲ့"

"ညကကောင်းကောင်းပြုစုထားပေးလို့ထင်တယ်၊ အရင်ကလောက် အရမ်းကြီးနေမကောင်းဖြစ်ပုံမပေါ်တော့ဘူး၊ အဖျားလည်းတစ်ညထဲနဲ့ကျသွားတာပဲ "

ဒေါက်တာကဂျောင်ဆူးအားတစ်ချက်လှည့်၍ပြုံးပြကာဆိုသည်။ ရှေ့ကကုတင်ပေါ်ကလူကတော့ အင်းမလုပ်အဲမလုပ်နှင့် အကြည့်တို့ကမနှစ်မြို့ဖွယ်။

"ဒီက‌ကောင်လေးနာမည် ဒိုဂျောင်ဆူးနော် "

"ဟုတ်ကဲ့ဒေါက်တာ"

"သေချာဂရုစိုက်ပေးပါအုံး၊ ‌ကျွန်တော်ဆေးတွေကိုမနက်ညရေးထားပေးခဲ့တယ်"

"ဟုတ်ကဲ့ပါ ဒေါက်တာ "

"ဒါဆိုကျွန်တော့်ကို ခွင့်ပြုပါအုံး ချန်းယောလ်ရှီး! "

သူ့ကိုနှုတ်ဆက်တော့ 'ဟုတ်ကဲ့' တစ်လုံးနဲ့တော့ တုံ့ပြန်ပြောဆိုလာသည်။ ဂျောင်ဆူးလည်း ဒေါက်တာ့ကို အိမ်ရှေ့အထိလိုက်ပို့ပေးလိုက်သည်။

အိမ်အောက်ထပ်ကနေ ဒေါက်တာ့ကိုလိုက်ပို့ပေးပြီးသူ့အခန်းရှိရာကိုဂျောင်ဆူးတံခါးမခေါက်ပဲ ယောင်ပြီးဝင်လာခဲ့လိုက်မိသည်။

"မင်းကဘာပြန်လာလုပ်တာလဲ? ငါ့အခန်းထဲဝင်လိုက်ထွက်လိုက်လုပ်တာ ငါမကြိုက်ဘူး"

"ဘယ်သူကရောဝင်လိုက်ထွက်လိုက်လုပ်နေလို့လဲ..."

"မင်းတံခါးတောင်မခေါက်ပဲ လူမှုရေးနားမလည်လုပ်နေတာလေ၊ စည်းမရှိကမ်းမရှိငါ့အခန်းထဲမလာနဲ့"

🌹မမုန်းရက်ပါ နှင်းဆီနီ🌹 (🌹 မမုန်းရက်ပါ နှငနှးဆီနီ🌹Where stories live. Discover now