Part-2 (uni)

105 23 0
                                    

ဆေးရုံရဲ့ လျှောက်လမ်းတွင် ခပ်ငိုက်ငိုက်လမ်းလျှောက်လာသည့် ကောင်ငယ်လေးတစ်ယောက်။ ညှိုးငယ်နေသည့်ကျောပြင်တို့ကိုကြည့်ရုံနှင့် စိတ်ချမ်းသာစရာမရှိနေကြောင့်အတတ်သိနိုင်သည်။

ဂျောင်ဆူးတစ်ယောက် သူ၏နားထဲတွင်ဆရာဝန်ကြီးပြောလိုက်သည့်စကားတို့သာ ပဲ့တင်ထပ်နေကာ ကြားယောင်နေမိသည်။

'ပြောရမှာ အားနာပေမယ့်လည်း နှလုံးအစားထိုးခွဲစိတ်ဖို့ကို ဒေါက်တာအကြံပြုချင်ပါတယ် ၊ ဒီလိုပဲဆက်ပြီးမှေးခံနေမယ်ဆိုရင်တော့ လူနာကျန်းမာရေးကိုပိုပိုဆိုးလာတဲ့အပြင် ဒေါက်တာတို့အာမခံမပေးနိုင်ပါဘူး '

'ဒေါက်တာ ခွဲစိတ်မှဖြစ်မှာလား၊ တခြားနည်းရောမရှိဘူးလားဒေါက်တာ'

'လူနာကနဂိုကတည်းကနှလုံးရောဂါအခံကရှိနှင့်ထားပြီးသားဆိုတော့ စိတ်ဖိစီးမှုတွေများလာတာနဲ့အမျှရောဂါကဆိုးလာတာပါ၊ နှလုံးဆိုတာကအချိန်မရွေးထဖောက်သွားနိုင်တဲ့အရာလေ၊ ကျွန်တော်တော့ ခွဲစိတ်စေချင်တယ် '

မေမေကအခုနောက်ပိုင်း နှလုံးအားနည်းပြီး မောတာကြပ်တာတွေပိုပိုဖြစ်လာတယ်။ ပုံမှန်ဆေးတွေသောက်ပြီးနေခဲ့ပေမယ့်လည်း မသက်သာတော့တဲ့အဆုံး ဆေးရုံမှာအတိအကျစစ်ဆေးလိုက်တော့ ခွဲစိတ်ရဖို့အထိဖြစ်လာပြီ။ သူဘယ်လိုလုပ်ရမလဲ မသိတော့ပါ။ ညီလေးကျောင်းတစ်ဖက်နဲ့မေမေခွဲစိတ်ဖို့နဲ့ ဂျောင်ဆူးလိုအပ်နေတဲ့ငွေကိုဘယ်လိုများရှာရမည်နည်း။

တီ! တီ!

အနောက်ကကားဟွန်းသံကြောင့် တွေးလက်စအတွေးတို့ပြတ်တောက်သွားရသည်။

"ဂျောင်ဆူး ဘယ်ကပြန်လာတာလဲ"

ကားထဲမှ ဂျုံဒယ်ကလှမ်းနှုတ်ဆက်သည်။

"မင်းကိုမြင်လို့နောက်ကလိုက်လာပြီးဟွန်းတီးနေတာကြာလှပြီ  မင်းကမကြားဘူး "

"အော် အင်း ငါနည်းနည်းအတွေးလွန်သွားလို့"

"ကားပေါ်တက် ပြန်လိုက်ပို့ပေးမယ် "

သူခေါ်တိုင်းအမြဲ ငြင်းတတ်သည့်ဂျောင်ဆူးက ဒီတစ်ခါတော့ အသာတကြည်ကားပေါ်တက်သည်။ ဒီကောင်စိတ်နဲ့လူနဲ့ တခြားစီဖြစ်နေတယ်ထင်ပါ့။

🌹မမုန်းရက်ပါ နှင်းဆီနီ🌹 (🌹 မမုန်းရက်ပါ နှငနှးဆီနီ🌹Место, где живут истории. Откройте их для себя