Part -14

179 29 7
                                    

U/Z

"ငယ်!....."

"ဟင်! ကိုကို"

ပန်းပင်တွေကြားငုတ်တုတ်ထိုင်နေသည်က ဘောင်းဘီကဖုန်တွေကိုခါရင်းထရပ်မိသည်။

"ကိုကို ဘယ်လိုလုပ်ရောက်လာတာလဲ?"

"ငယ့်မွေးနေ့အတွက် လက်ဆောင်လာပေးတာလေ"

"ငယ်မွေးနေ့အတွက်? ဟုတ်လား"

ကိုကိုကပါးချိုင့်များပေါ်သည့်အထိနှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ ခေါင်းငြိမ့်ပြသည်။ ပြီးနောက် သူလက်ထဲမှ ဘူးလေးကို‌ကျွန်တော့် လက်ထဲထည့်ပေးလာသည်။ ထိုဘူးလေးကိုကိုင်ပြီး အနားကသစ်ပင်အရိပ်အောက် ထိုင်လိုက်သည်။

"ကိုကို မလာတော့ဘူးလို့ထင်နေတာ"

"မလာပဲ နေမလား၊ကိုကိုက ငယ့်မွေးနေ့ရောက်တိုင်း မပျက်မကွက်လာခဲ့ပါမယ်လို့ဆို"

ကိုကိုကသူတို့ကျောင်းရဲ့ ပျော်ပွဲစားခရီးစဉ်ကိုလိုက်သွားတာ နှစ်ရက်ရှိပြီ။ ကိုကိုသူ့မွေးနေ့ကိုမေ့နေပြီလို့တောင် ဂျောင်ဆူးထင်နေတာ။ အခုတော့ ကိုကိုက နေ့ခင်းကြောင်ကြောင် နေပူကျဲကျဲကြီးရောက်ချလာသည်။

"ကဲပါ ဖွင့်ကြည့်ပါအုံး"

"ဟုတ်"

ဘူးလေးကိုဂျောင်ဆူးဖွင့်ကြည့်တော့ အထဲတွင် ဖန်လုံးလေးတစ်ခုဖြစ်ပြီး သံပတ်ပေးရသည့်ဟာမျိုး။ ကိုကိုက ‌ဂျောင်ဆူးလက်ထဲကထိုဖန်လုံးလေးကို ယူလိုက်ပြီး သံပတ်ပေးကာဖွင့်လိုက်တော့ ဖန်လုံးထဲကမီးလင်းလာပြီး ခုံလေးပေါ်မှကောင်လေးနှစ်ယောက် ထိုကောင်လေးများရှေ့တွင် နှင်းဆီပွင့်လေးများလည်းရှိနေသည်။ အတော်လေးလှသည်။ သံပတ်ပေးလိုက်တာနဲ့ သံဇဉ်လေးတွေထွက်လာသည်။ ကောင်လေးတစ်ယောက်ကဂီတာတီးနေပြီး ကျန်ကောင်လေးက ဘေးကနေထိုင်ကြည့်နေသည်။ အတော်လေးကိုလှတာကြောင့် ဂျောင်ဆူးသဘောမကျပဲမနေနိုင်။

"ကြိုက်လား ငယ်!"

"ဟုတ် အရမ်းကြိုက်တယ်၊ ဒါနဲ့ ဒါကဘာအဓိပ္ပာယ်လည်းဟင်!"

"ဘာအဓိပ္ပာယ်ရမှာလဲ ဂီတာတီးနေတာက ကိုကိုလေ၊ ဒီဘက်ကကောင်လေးကငယ်ပေါ့"

🌹မမုန်းရက်ပါ နှင်းဆီနီ🌹 (🌹 မမုန်းရက်ပါ နှငနှးဆီနီ🌹Where stories live. Discover now