U/Z
ဘာမသိ ညာမသိ ယောင်ချာချာနဲ့ ရောက်လာခဲ့ရသည့် ဆိုးလ်မြို့ရဲ့ နာမည်ကြီးတက္ကသိုလ်တစ်ခု။ ဒါဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်မဟုတ်ပဲ အမိန့်တစ်ခုလို့ဆိုရမလား။ တက္ကသ်ိုလ်ဝန်းကြီးထဲ သူခြေချလိုက်မိသည်နှင့် စိတ်အစဉ်ကတမျိုးတဖုံခံစားရစေသည်။ တစ်ချိန်ကသူဟာ အိမ်မက်တို့ စိတ်ကူးတို့ကိုပုံဖော်နိုင်ဖို့ တက္ကသိုလ်ကြီးကို တွေးမြင်ခဲ့ဖူးတာတော့ အမှန်တရားပါ။ ကံအကြောင်းကြောင်း လက်လွှတ်ခဲ့ရသည့်စိတ်ကူးအိမ်မက်တွေဟာပြန်လည်အသက်ဝင်လာလိမ့်မည်ဟု မတွေးခဲ့ရိုးအမှန်ပါ။
"ဂျောင်ဆူး! ညနေအကိုလာခေါ်မယ်၊ ဒီနေ့ကပထမဆုံးကျောင်းတက်ရက်ဆိုတော့ ကျောင်းနဲ့လည်းအသားမကျသေးသလို သွားရေးလာရေးလည်း အဆင်ပြေမှာမဟုတ်ဘူး"
"ရပါတယ် အကို ကျွန်တော်Busနဲ့ပြန်လို့ရပါတယ်"
"နေပါ အကိုလာခေါ်မယ်၊ ဒီနေ့တစ်ရက်တော့ ခွင့်ပြုပေးဟုတ်ပြီလား"
"ဟုတ်ကဲ့"
"ဒါဆိုအကိုသွားတော့မယ်၊ သူငယ်ချင်းတွေရှာခဲ့နော်"
အကိုဂျောင်ဝူးစကားကို သူ့အပြုံးနှင့်သာ တုန့်ပြန်ပေးမိသည်။ စကားစမြည်ပြောလေ့မရှိတဲ့သူက ဘယ်လိုသူငယ်ချင်းရမှာတဲ့လဲ။ အကိုဂျောင်ဝူးက သိလို့တမင်ပြောနေတာဖြစ်မည်။
"ဂရုစိုက်သွားပါ အကို!"
လက်ပြနှုတ်ဆက်ပြီး ထွက်သွားသည့်ကားက မြင်ကွင်းအောက်ကပျောက်သွားတော့မှ တက္ကသိုလ်ဝန်းကြီးထဲသူ့အမြင်တို့က်ိုပြန်လည်ဖြန့်ကျက်မိတော့သည်။ ထို့နောက်သူတက်ရမည့် မေဂျာအခန်းကိုရှာဖို့ပြင်ရတော့သည်။
ဂျောင်ဆူးရဲ့အိမ်မက်ကအနုပညာမေဂျာတက်ရောက်ချင်တာဆိုပေမယ့် တစ်စုံတစ်ဦးရဲ့ 'အရေးပါတာကိုပဲ လုပ်' ဆိုတဲ့စကားနောက် လိုက်ခဲ့ရသည်မို့ စီးပွားရေးမေဂျာကိုတက်ရဖို့ဖြစ်လာခဲ့တာဖြစ်သည်။ ဒီလိုဆိုတော့ တက်သာတက်ရတာ ကိုယ်ဝါသနာမပါတဲ့အရာကြီးကိုလုပ်ပြီး ဘာအနှစ်သာရရှိမှာတဲ့လဲ။ ဂျောင်ဆူးဘက်ကမတက်ဖို့ငြင်းပါသေးသည်။ သို့ပေမယ့်လည်း စကားများရန်ဖြစ်တာပဲအဖတ်တင်မည်လေ။ ဘာမဟုတ်တဲ့ ကိစ္စတွေနဲ့စကားများနေတာကိုလည်း နားမလည်နိုင်တော့ပေ။
VOUS LISEZ
🌹မမုန်းရက်ပါ နှင်းဆီနီ🌹 (🌹 မမုန်းရက်ပါ နှငနှးဆီနီ🌹
Fanfictionမင်းဟာ အနီရောင်နှင်းဆီနဲ့တူတယ်၊ အလှနဲ့မာနတရားတွေကိုဆူးတွေနဲ့ ခြံရံထားတယ်၊ ဒါပေမယ့် အဲ့မာနတွေကိုငါကရိုက်ချိုးပြမယ် ငါကနှင်းဆီဆိုသိပ်မုန်းတာ၊ အမုန်းဆုံးကတော့အနီရဲရဲနှင်းဆီတွေကိုပဲ