211[U&Z]

316 30 2
                                    

[Unicode]

စုထျန်းထျန်း လှည့်ထွက်သွားခဲ့သလို လျူယင်းကလည်း ရှုံးနိမ့်ခဲ့၏။ သူမ အနေနဲ့ ကုမ္ပဏီအား ပြန်လည်ပေးဆပ်ရန် နှစ်ပေါင်းများစွာ သူမ ကြိုးစားရှာဖွေပြီး ရရှိခဲ့တဲ့ ငွေတွေကို စွန့်ပစ်ရတော့မည်။ ထိုအရာက သူမ အပြစ်တွေအတွက် လျော်ကြေးအနေနဲ့ ဖြစ်သည်။

ကိစ္စအရပ်ရပ်က နောက်ဆုံးတော့ ပြီးဆုံးသွားချေပြီ။ လူတိုင်း ရုံးခန်းထဲမှ ထွက်သွားတာမို့ နင်မုန့် နှင့် နင်၀မ့်ထောင်သာ ကျန်ခဲ့လေပြီး နောက်ဆုံးမှာတော့ နင်မုန့် သက်ပြင်း ချလိုက်လေ၏။

"သမီး ပင်ပန်းနေပြီလား"

ဆိုဖာပေါ်မှာ ထိုင်နေတဲ့ နင်မုန့်က မေးစေ့ကို ကိုင်ထားပြီး ရှည်လျားတဲ့ မျက်တောင်တွေက သူမရဲ့ မက်မွန်ပွင့် မျက်လုံးတွေမှ ခံစားချက်တွေကို ဖုံးကွယ်လို့ ပေးထား၏ "ဟင့်အင်း ပြန်တွေးနေတာ"

သူမကိုယ် သူမ ပြန်ပြီး သံသယ ဝင်နေတယ်လို့ နင်၀မ့်ထောင်ထင်ပြီး ရှော့ရသွား၏။ အလျင်အမြန်ပဲ သူမကို နှစ်သိမ့်တော့သည် "မုန့်မုန့် အဲ့လောက် အများကြီး ပြန်တွေးဖို့ မလိုပါဘူး။ အရင်တုန်းက နည်းနည်းလောက် လှည့်ဖြားတတ်ပေမယ့် စုထျန်းထျန်းကို နည်းနည်းလောက်ပဲ အနိုင်ကျင့်မိတာ ဘာဖြစ်လို့လဲ? စုထျန်းထျန်းကသာ အရမ်း ရန်လို ကလဲ့စားချေချင်နေတာ။ သမီး...."

နင်မုန့်က သူမ လက်တွေကို ဝေ့ယမ်းပြပြီး "အဲ့ကိစ္စ မဟုတ်ဘူး အစောက  'ဗလာဖြစ်နေတဲ့ အသိဉာဏ်ကို မဖုံးကွယ်ထားနိုင်တဲ့ ရှုပ်ထွေးတဲ့ ရုပ်ရည် သွင်ပြင်ရှိနေတယ် ' ဆိုတဲ့ စကားကို ပြန်တွေးကြည့်နေတာ။ အရမ်း သွယ်ဝိုက်လွန်းနေတယ်။ နောက်ပိုင်းကျရင်တော့ အဲ့ဒါကို ပိုပြီးသေ‌ချာအောင် ပြတ်ပြတ်သားသား ပြောဖို့ လိုပြီ!"

"…"

နောက်ပိုင်းမှာတော့ Lemon Entertainmentကနေ ဂုဏ်သိက္ခာကျဆင်းမှုအတွက် လျော်ကြေးအမြင့်ဆုံး တောင်းလာခဲ့၏။ 'ကွာရှင်းမယ်'ဆိုသော ဖိအားအောက်မှာ ချောင်ရွှယ်ဟွာက ဘာမှန်းမသိသော နည်းပရိယာယ်တချို့ကို လုပ်ဆောင်ခဲ့သည်။ သူမက အစပိုင်းက စုထျန်းထျန်းကို အရှက်မဲ့စွာ အပြစ်တင်ပြီး ဖိအားပေးခဲ့သည့်တိုင် ယခု အချိန်မှာတော့ ငွေအတွက် အဆင်သင့် ဖြစ်နေလေ၏။

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Apr 16 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

[Book-2] novelထဲ၀င်သွားပြီးနောက် အသဲခွဲသမားဖြစ်လာသော သူမNơi câu chuyện tồn tại. Hãy khám phá bây giờ