205[U&Z]

244 27 1
                                    

[Unicode]

ညအတော် ညဉ့်နက်နေပြီ ဖြစ်၏။

ကားထဲမှာ အပ်ကျသံတောင် ကြားနိုင်လောက်သည်အထိ တိတ်ဆိတ်လို့ နေသည်။

နင်မုန့် ဖြည်းဖြည်းချင်းစီ တောင့်တင်းစွာ ခေါင်းလှည့်ကြည့်တော့ သူ့ဆီမှ တိတ်ဆိတ်စွာ ဖိတ်ခေါ်နေပုံပေါ်တဲ့ တပ်မက်စိတ်နှင့် တောက်လောင်နေသည့် အမျိုးသားရဲ့ မျက်ဝန်းတွေကို တွေ့လိုက်ရလေ၏။

အမှန်တကယ်ကား အစောကတင် သူက တကယ်ကြီး ပါးစပ်နဲ့ကို ဖိတ်ခေါ်ပြောလာတာဖြစ်သည်။

လောင်ကျွမ်း နီမြန်းနေတဲ့ ပါးနှင့်အတူ နင်မုန့်ရဲ့ မျက်လုံးတွေက ထက်သန်စွာ တဖိတ်ဖိတ် တောက်ပလို့နေ၏။

လှပသော မျက်ဝန်းထဲမှ ရှက်ရွံ့မှု အရိပ်အယောင်တြွေဖင့် ခေါင်းငုံ့ထားလိုက်သည်။ ထိုင်နေပြီး သက်သောင့်သက်သာ မဖြစ်လှစွာ ရှက်နေသည့် သူမရဲ့ပုံစံကို မြင်လိုက်ရတဲ့အခါ သူမကို ကြည့်နေတဲ့ ဟော်ပေ့ချန်ရဲ့ အကြည့်တို့က ပိုမို လောင်မြိုက်လာလေတော့၏။

သူ့အကြည့်တွေက....အရမ်း ဆွဲဆောင်မှု ရှိလှပြီး ညှို့ငင်ဖမ်းစားနေလေ၏။ စကားလုံးမှန်မှန် ရွေးချယ်မှုနှင့် ရုန်းကန်နေပြီးတဲ့ နောက်ဆုံးမှာတော့ နောက်ထပ် အကြောင်းပြချက်ရှာဖို့ ဟော်ပေ့ချန်က သူ့ပါးစပ်ကို ဖွင့်လိုက်သည်။

"လာပါ အနည်းဆုံးတော့ ထျန်းထျန်းလေးနဲ့ တွေ့သွားပေါ့? သူက မင်းကို အရမ်း လွမ်းနေတာ...."

ခနတာ တွေးတောပြီး နောက်ဆုံးမှာတော့ နင်မုန့် ခေါင်းညိမ့်လိုက်သည် "ဒါဆိုလည်း  အဲ့လိုလုပ်ကြမလား?"

အပြုံးတခုက ဟော်ပေ့ချန် နှုတ်ခမ်းတွေထက် အလျင်အမြန် နေရာယူလာ၏။ ကားခါးပတ်ကို ခပ်မြန်မြန် ဖြုတ်လိုက်ပြီးနောက်မှာတော့ ကားထဲမှ ဆင်းလိုက်ကာ ယာဉ်မောင်းသူ ခုံမှာ ထိုင်နေတဲ့ သူ့ အမျိုးသမီးလေးအတွက် တံခါးဖွင့်ပေးလိုက်မယ် ဆိုရင်ပဲ....

ကလစ်!

တံခါးလော့ကျသွားလေပြီ။

မယုံကြည်နိုင်စွာပဲ လော့ကျသွားတဲ့ တံခါးကို ငေးကြည့်နေဆဲမှာ နင်မုန့်က သူမရဲ့ ပန်းရောင်Maseratiကားကို အရှိန်အပြည့်ဖြင့် ဗီလာထဲမှ မောင်းထွက်သွားလေတော့၏။

[Book-2] novelထဲ၀င်သွားပြီးနောက် အသဲခွဲသမားဖြစ်လာသော သူမWhere stories live. Discover now