209[U&Z]

157 22 0
                                    

[Unicode]

အချေအတင် ဖြစ်ရင် နင်မုန့်ကို မနိုင်နိုင်ဘူးဆိုတာ စုထျန်းထျန်း သိသည်။ လျင်မြန် ချောမွေ့စွာ သူမဆီမှ ထွက်လာတဲ့ စကားလုံး အနည်းငယ်လောက်နဲ့ သွေးအန်ချင်စိတ်ပါ ပေါက်မည်ဆိုတာ စုထျန်ထျန်း သိလေ၏။ ထို့ကြောင့်ပဲ သူမ စကားမပြောတော့။ တဖက်မှ ချောင်ရွှယ်ဟွာကတော့ နင်မုန့်ကို စိုးမိုးခွင့် မပေးချင်။

"မုန့်မုန့်  စကားပြောတဲ့အခါ သက်သေရှိမှ ပြောသင့်တယ်။ အကယ်၍ သက်သေ မရှိဘူးဆိုရင် ထျန်းထျန်းကို အိမ်ပြန်ခွင့်ပေးလိုက်တော့!"

နင်မုန့်က ရယ်သွမ်းလိုက်ပြီး "ဒီကိစ္စမှာ စုထျန်းထျန်းကို ဖျက်စီးချင်လို့ မတရားမှု တစ်ခုရှိနေတယ်လို့ ထင်တယ်"

ချောင်ရွှယ်ဟွာ ရော စုထျန်းထျန်းပါ ထိုစကားတွေ ကြားလိုက်ရတဲ့အခါ ခနတာ ကြက်သေ သေသွား၏။ဒီနေ့ နင်မုန့်က ဘက်ပြောင်းဖို့ ဆုံးဖြတ်လိုက်တာလား?

နင်၀မ့်ထောင်က တုံ့ဆိုင်းစွာနဲ့ "အိုး? သူမက တရားခံလို့ သမီး မထင်ဘူးပေါ့?"

နင်မုန့်က ခေါင်းညိမ့်ပြီး စုထျန်းထျန်းကို ကြည့်လျက် "ပြီးတော့ သူမက အခုတလောကမှ မစ္စတာလီဆီက လမ်းခွဲခံထားရတာ။ Sweet Scent Studioက သူမ အပိုင်ဆိုရင်တောင် မရှိတဲ့ သန်း၈၀ဆိုတဲ့ ပမာဏကို အလွယ်တကူ လက်ခံနိုင်ဖို့ဆိုတာက ဖြစ်နိုင်ပါ့မလား? လျူယင်းကို အခုလို လွယ်လွယ်နဲ့ ကတိပေးလိုက်တာ ဖြစ်နိုင်မှာလဲ?"

စုထျန်းထျန်း ခန္ဓာကိုယ် တောင့်တင့်သွား၏။ ချောင်ရွှယ်ဟွာလည်း ရှော့ရသွားပြီး စုထျန်းထျန်းကို မယုံကြည်နိုင်စွာ ကြည့်ကာ "ထျန်းထျန်း အဲ့ဒါ အမှန်ပဲလား?"

စုထျန်းထျန်းက ငြင်းဖို့ လုပ်လိုက်ပေမယ့် နင်မုန့်က ချက်ချင်းဆိုသလို ကြားဖြတ်ပြောလိုက်သည် "အန်တီချောင် ဒါက လမ်းခွဲတာလေး တစ်ခုပါ။ ကိစ္စ အကြီးကြီးမှ မဟုတ်တာ!"

သူမက ဆက်လက်ပြီး သနားညှာတာတဲ့ ပုံစံနှင့် အကြံပေးကာ ဆက်လက် ပြောတော့၏ "စုထျန်းထျန်းမှာ သူမရဲ့ ဗလာဖြစ်နေတဲ့ အသိဉာဏ်ကို မဖုံးကွယ်ထားနိုင်တဲ့ ရှုပ်ထွေးတဲ့ ရုပ်ရည် သွင်ပြင်ရှိနေတယ် ဆိုရင်တောင် တနေ့ကျ ကန်းနေတဲ့ ယောက်ျားတချို့က သူမကို ကြည့်လာမှာပါ တကယ်လို့ အဲ့ဒါက အလုပ်မဖြစ်ရင်လည်း သူမအတွက် သင့်တော်တဲ့ ရည်းစားက တိရိစ္ဆာန်ရုံမှာ အမြဲတမ်း ရှိနေပါတယ်။ ကျွန်မပြောချင်တာက အခွံနူးညံ့တဲ့ လိပ်တွေတောင် မတ်ပဲစေ့နဲ့ လိုက်ဖက်သလိုမျိုးလေ!"

[Book-2] novelထဲ၀င်သွားပြီးနောက် အသဲခွဲသမားဖြစ်လာသော သူမWhere stories live. Discover now