204[U&Z]

261 21 0
                                    

[Unicode]

အေးစက်မှုနဲ့ အမျိုးသားရဲ့ တည်ကြည်တဲ့အသံက playboyတစ်ယောက်ရဲ့ နှုတ်ခမ်းတွေမှ ထွက်ကျလာတဲ့ ပုံမှန်စကားသံလို ကားထဲမှာ ပဲ့တင်သံထပ်သွားလေ၏။ စာဖတ်ပြပြီးတဲ့အခါ ဟော်ပေ့ချန်က နက်ရှိုင်းပြီး လောင်မြိုက်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ နင်မုန့်ကို ကြည့်လာလေသည်။

"နာတယ်? ဘာကိုနာတာလဲ?" နင်မုန့်က ရှုပ်ထွေးစွာ မေးလိုက်လေ၏။

အချိန်တခုကြာတဲ့အထိ တွေးတောပြီး နောက်မှာတော့ ကျန်းရှန့်မေရဲ့ ဆိုလိုရင်းကို နင်မုန့် သဘောပေါက်သွားလေသည်။

အစောက သူမ မေးခဲ့တဲ့ စကားကို ပြန်တွေးလိုက်တဲ့အခါ ကားစတီယာရင်ဘီးကို ကိုင်ထားတဲ့ လက်တွေက ပိုမိုတင်းကျပ်လို့သွားပြီး ရှက်သွေးဖြာမှုတို့က နူးညံ့ ဖြူဖွေးတဲ့ လည်ပင်းတို့ထိ နီရဲတက်လာလေတော့၏.....

တော်တော်ကို ရင်တုန်သွားတာမို့ ကားမောင်းနေရင်း စိတ်လွတ်လုနီးပါးပါ ဖြစ်သွားလေသည်။

ဒင်!

နောက်ထပ် message၀င်လာ၏။

နင်မုန့် ဘာမှတောင် မပြောနိုင်ခင်မှာပဲ ဟော်ပေ့ချန်က ပြောလိုက်သည် "မင်းအတွက် ဖတ်ပေးမယ်။ ပြီးတော့ ငါတို့ကြား ဘာလျှို့ဝှက်ချက်မှ မရှိဘူးလေ ဟုတ်တယ်မလား?"

"...!"

"မလိုဘူး ကျေးဇူးပဲ" လို့ သူမ ပြောလိုက်ချင်ပေမယ့်လည်း သူမ ဘာမှတောင် မတုံ့ပြန်နိုင်ခင်မှာပဲ အမျိုးသားက ဖြည်းဖြည်းချင်း ဖတ်ပြလာ၏။

"အဲ့ဒီ 'အမှန်တရားတစ်ခုပဲရှိတယ်' bloggerရဲ့ Weibo postကို...မစ္စတာဟော်လည်း တွေ့ပြီးပြီလို့ နင်ထင်လား? နင်လည်း သိမှာပါ အကယ်၍ ယောက်ျားတစ်ယောက်က သူ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အလှောင်ခံရတဲ့အခါ မဟုတ်ကြောင်း 100% သက်သေပြဖို့ အတတ်နိုင်ဆုံး ကြိုးစားကြမှာ။ အဲ့တော့ ထိန်းချုပ်မှု မလွတ်စေနဲ့နော် မုန့်မုန့်။ နင့်အတွက် ရှည်လျားတဲ့ ညတာ ဖြစ်သွားမှာပဲ"

"..."

ဒါပေါ့ အသေချာပဲလေ သူမ ထိန်းချုပ်မှု လွတ်ကင်းသွားမှာပဲလေ အခု သူမ အသိစိတ် ထိန်းချုပ်မှု လွတ်နေသလိုမျိုးလေ!

[Book-2] novelထဲ၀င်သွားပြီးနောက် အသဲခွဲသမားဖြစ်လာသော သူမWhere stories live. Discover now