207[U&Z]

193 24 0
                                    

[Unicode]

၀န်လေးစွာနဲ့ပဲ နင်မုန့် တံခါးကို ဖွင့်လိုက်လေသည်။

ဟော်ပေ့ချန်ကို မြင်လိုက်ရတဲ့အခါ နင်မုန့်က သဘာဝတကျပဲ ပြုံးလိုက်ပြီး "ဘုရင်ကြီးချန် ဘယ်အချိန်တောင် ရှိနေပြီလဲ?"

မနက်စာ ယူလာတဲ့ ဟော်ပေ့ချန်က သူ့နာရီကို ကြည့်လိုက်ပြီး "မနက် ၈နာရီ ရှိပြီ"

နင်မုန့်က ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး ကျွန်မ နေ့ရက်ထဲက အပျော်ရွှင်ရဆုံး နာရီ ရှိ‌နေပြီလေ~"

သူမရဲ့ အဓိပ္ပာယ်မရှိ ချိုမြတဲ့ စကားတွေကို အမြဲတမ်း လစ်လျူရှူတတ်တဲ့ အမျိုးသားက သူမကို စွဲမက်စရာကောင်းတဲ့ အပြုံးနှင့် ကြည့်လာပြီး "အိုး? ဒါဆိုရင်တော့ ဒီနာရီက ထာဝရအတွက် ဖြစ်ဖို့ မျှော်လင့်ပါတယ်"

"..."

သနားစရာ နင်မုန့်ကတော့ ကို့ရို့ကားယားနိုင်ပြီး ရှက်စရာအတိ တုံ့ပြန်ချက်ကြောင့် ကြက်သေ သေလို့သွားသည်။ သူမကို အခုလို မြင်လိုက်ရတဲ့အခါ ဟော်ပေ့ချန်ရဲ့ လက်ကြီးက ဆန့်တန်းလာပြီး သူမ ခေါင်းကို ပွတ်ပေးလိုက်လေ၏။

အိပ်ယာမှ နိုးရုံဖြစ်သေးတဲ့ အမျိုးသမီးလေးရဲ့ ဆံပင်က အနည်းငယ် ရှုပ်ထွေးနေတုန်းဖြစ်သည်။ အခုအချိန်မှာတော့ ဟော်ပေ့ချန်ရဲ့ ခေါင်းပွတ်ပေးမှုကြောင့် ပိုမို ရှုပ်ထွေးသွားတော့၏။

နင်မုန့်က ဒေါသတို့နှင့် ပေါက်ကွဲထွက်မယ် လုပ်လိုက်ရင်ပဲ ဟော်ပေ့ချန်က သူ့လက်ကို ပြန်ရုတ်လိုက်ပြိး မနက်စာကို ထမင်းစားပွဲဆီသို့ ယူသွားလိုက်လေသည်။

ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအသောက်တွေ စားပြီးတဲ့အခါ ဟော်ပေ့ချန်က မတ်တပ်ရပ်လိုက်ပြီး အလုပ်သွားရန် ပြင်လိုက်သည်။ တချိန်တည်းမှာပဲ နင်မုန့်ဆီကိုလည်း Lemon Entertainmentဆီမှ ဖုန်းဝင်လာ၏။

"မစ္စနင် လျူယင်း ၀န်ခံပြီ"

"အိုး ဒီတော့ နောက်ကွယ်မှာ ရှိနေတာ ဘယ်သူတဲ့လဲ?"

"စုထျန်းထျန်းပါ"

အင်း မျှော်လင့်ထားတဲ့ အတိုင်းပင်။ နင်မုန့် မအံ့ဩလိုက်။

[Book-2] novelထဲ၀င်သွားပြီးနောက် အသဲခွဲသမားဖြစ်လာသော သူမWhere stories live. Discover now