198[U&Z]

426 47 0
                                    

[Unicode]

ထိုစာပို့ပြီးတဲ့အခါ ချီရှန်ဆီမှ အချိန်အတော်ကြာသည်အထိ စာပြန်မလာတော့။

ပြီးနောက်မှာတော့.....

ချီရှန် : [ဘာလား?! ဘော့စ်ကောင်မလေးအတွက် လက်ဆောင်ကို နင်က ခိုးရဲတယ်!]

"??"

သူ့ပြန်စာကို ဖတ်နေသည့် နင်မုန့် နှုတ်ခမ်းထောင့် တွန့်သွား၏။ ဘုရား ဘုရား ဒီကလေးက ဘာကြောင့် အခုလောက်ထိ အရမ်းတုံးတုံးအအ ကြီးပြင်းလာရတာလဲ? သူ့ စာကို လစ်လျူရှူလိုက်ရင်းပဲ သူမဖုန်းကို ချလိုက်၏။

သူ မြင်လိုက်ရတဲ့အရာကို ရှော့ရနေဆဲ ချီရှန်ကတော့ Lemon Entertainment နှင့် နင်မုန့်ကို ဖျက်ဆီးဖို့ ကြံနေသည့် ကုမ္ပဏီပေါင်းများစွာကို ဆက်လက် hackနေလေ၏။ အပေးအယူလုပ်ထားသည့် ဓာတ်ပုံ နှင့် ဗီဒီယိုမှန်သမျှကို မျက်ခြေမပျက် စစ်ဆေးကာ အကုန်ဖျက်ချပစ်၏။ အကယ်၍ မျက်စိလျှမ်းပြီး ကျန်ခဲ့တာ ရှိပါကလည်း ကွန်ပျူတာက စက္ကန့်ပိုင်းအတွင်း ပြန်ရှာပေးလေသည်။

ဖုန်းကို ကောက်ကိုင်လိုက်ပြီးနောက် စုယွဲ့ဆီကို ချီရှန် ဖုန်းဆက်လိုက်သည်။

မကြာခင်မှာပဲ စုယွဲ့က ဖုန်းကိုင်လိုက်တဲ့အခါ ချီရှန်က ဒေါသတကြီး ပြောလိုက်၏ "အဲ့ နုံအတဲ့မိန်းမက ငါ့ကို ဘယ်လို ပြောသွားလဲ မင်းတွေ့တယ် မလား? ဘယ်လိုများ သူမက အခုလို ကိစ္စကို လုပ်နိုင်....."

သူ့စကား မဆုံးခင်မှာပဲ စုယွဲ့က ဖြတ်ပြောလာ၏ "ဦးနှောက်ကိုသုံး တခြားဖြစ်နိုင်ချေတွေကိုရော မင်း မတွေးကြည့်တော့ဘူးလား?"

အံ့ဩစွာပဲ ချီရှန့်လက်တွေက လေထဲမှာတင် ရပ်တံ့လို့သွားလေ၏။ သူ့ကွန်ပျူတာကို ၅စက္ကန့်လောက် ငေးကြည့်နေပြီးနောက် ချီရှန့်က ပါးစပ်ကို ပြန် လှုပ်ရှားလိုက်သည် "မင်း ဆိုလိုတာက...ဘော့စ်က နားကပ်ကို အဲ့နုံအတဲ့ မိန်းမနဲ့ သူ ချစ်တဲ့ကောင်မလေးကို ခွဲပေးဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုလိုတာလား? ဘော့စ်က တရားမျှတစေချင်လို့လား?"

"!?"

တရားမျှတစေချင်တယ်? သောက်ကျိုးနည်းကြီး ဒီကလေးဦးနှောက်က ဘာဖြစ်နေတာလဲ?!

[Book-2] novelထဲ၀င်သွားပြီးနောက် အသဲခွဲသမားဖြစ်လာသော သူမWhere stories live. Discover now