197[U&Z]

1.3K 59 1
                                    


[Unicode]

နင်မုန့်က ပြန်ပြောတော့ဖို့ လုပ်လိုက်ရင်ဘဲ ကျန်းရှန့်မေက သူမကို ဆွဲလာပြီး ဖုန်းကို သူမရှေ့ထောင်ပြလာ၏။ ဖုန်းက နီးလွန်း၍ သူမ မျက်နှာနဲ့တောင် ထိမတတ်ဖြစ်နေလေ၏။

"မုန့်....မုန့်မုန့်! ဒါကို ကြည့်ပါဦး!"

နာမည်ကြီး Weibo user တစ်ဦး၏ postဖြစ်လေသည်။

@အမှန်တရားတစ်ခုပဲရှိတယ် : [ကြားဖြတ်သတင်း! မစ္စနင်တိတ်တဆိတ် လက်ထပ်ထားတဲ့ ယောက်ျားက အောက်ပိုင်းနေရာ ချို့တဲ့နေတဲ့လူဆိုတာ သေချာတယ်! ဒီမှာ သက်သေတွေ!]

"..."

ချက်ချင်း ဆိုသလိုပဲ ဖုန်းကို ဆုပ်ကိုင်လိုက်ပြီး postကို ကြည့်နေလိုက်၏။ "ဒီလူက ကျပ်မပြည့်တာလား?! ဒီလိုကိစ္စကို ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ?"

ခေါင်းညိမ့်ရင်း ကျန်းရှန့်မေကလည်း ပြန်ပြောလိုက်သည် "ဟုတ်တယ် သတင်းတစ်ခုလုံးကို နင် ဖတ်သင့်တယ်။ သူ့ပုံစံက စာရင်းတွေ သတင်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး ကျိုးကြောင်းဆီလျော်အောင် ရေးလိုက်တာ။ သိပ်မသိတဲ့ အပြင်လူတွေကျ သူ့စကားကို ယုံတဲ့ပုံပေါ်တယ်! ဒီတော့....အင်း...အဲ့တာလေ...မစ္စတာဟော်က တကယ်ကြီးလား....နင် သိတယ်မလား...?"

"!?"

လှိမ့်တက်လာတဲ့ ဒေါသတို့နှင့်အတူ ဖုန်းကို မြှောက်လိုက်ပြီး တစစီကွဲ‌သွားအောင် ပစ်ပေါက်ချင်လာ၏ "အကုန်လုံးက  အဓိပ္ပာယ် မရှိတဲ့ဟာတွေ!"

ကျန်းရှန့်မေက အလျင်အမြန်ပဲ သူမကို တားလိုက်ပြီး "ဟေး ဟေး! ဒါ ငါ့ဖုန်းနော်! တကယ်လို့ ဖုန်းကို ခွဲချင်ရင် နင့်ဖုန်း နင်ခွဲ!"

နင်မုန့်က အရူးတစ်ယောက်ကို ကြည့်သလို ကြည့်လျက် ပြန်ဖြေလိုက်၏ "ငါ ငတုံး မဟုတ်တာ နင်သိပါတယ်။ တကယ်လို့ ငါ့ဖုန်းငါခွဲမှတော့ အသစ်ဝယ်ရမှာပေါ့။ ဘာလို့ ငါက အဲ့လို လုပ်ရမှာလဲ?"

"??"

ကျန်းရှန့်မေက သူမရဲ့ သူငယ်ချင်းကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ အင်း...သူမရဲ့ နောက်ဆုံးစကားက အဓိပ္ပာယ်တော့ ရှိတယ်...နေပါဦး ဒါပေမယ့် သူမ စကားထဲ တခုခု မူမမှန်တာ ပါနေသလိုပဲ....

[Book-2] novelထဲ၀င်သွားပြီးနောက် အသဲခွဲသမားဖြစ်လာသော သူမWo Geschichten leben. Entdecke jetzt