209[U&Z]

157 19 0
                                    

[Unicode]

မျက်လုံးတွေကို မှိတ်ထားလိုက်ရင်း စုထျန်းထျန်း ၀မ်းနဲစွာ ပြောလိုက်သည် "ဒီတော့....ဒီကိစ္စတွေ လုပ်ခဲ့တဲ့လူက ငါလို့ နင် ပြောနေတာပေါ့?"

၀န်ခံတော့မည့်ပုံပေါ်သည့် သူမကို တွေ့တဲ့အခါ လျူယင်းမျက်နှာတွင် အပြုံး‌တစ်ခု ပေါ်လာပြီး ခေါင်းတဆတ်ဆတ် ညိမ့်ပြလျက် "ဟုတ်တယ်! တကယ်လို့ ကိစ္စပြီးမြောက်အောင် လုပ်နိုင်တယ်ဆို စာချုပ်ဖျက်သိမ်းတဲ့ အဖိုးအခကို ကူပေးပေးမယ့်အပြင် ငါ့ကိုပါ နင့်ကုမ္ပဏီထဲ ခေါ်မယ်လို့ ပြောခဲ့တယ်လေ!"

စုထျန်းထျန်းက အားတင်းပြုံးလိုက်ပြီး ရင်ဘတ်ပေါ်မှာ လက်သီးဆုပ်လိုက်ကာ "ငါ သိပြီ။ ဒီတော့ အဲ့လိုဖြစ်တာမျိုးပေါ့"

လျူယင်းက ကြက်သေ သေသွားပြီး "ဘာကို ဆိုလိုတာလဲ?"

နင်ဝမ့်ထောင်ဘေးမှာ ရပ်နေတဲ့ ချောင်ရွှယ်ဟွာက ရင်ကွဲစွာ ပြောလာ၏ "ငါသိပြီ။ အကုန်လုံးက ဖျက်သိမ်းခဖြစ်တဲ့ အဲ့ယွမ်သန်း၈၀ကြောင့်ပေါ့! မုန့်မုန့် ငါ နင်မိသားစုနဲ့ နှစ်တွေအများကြီး အတူနေလာခဲ့တာ။ ကမ္ဘာပေါ်မှာ ငါက အကောင်းဆုံး အမေလို့တော့ မပြောပါဘူး ဒါပေမယ့် ငါ နင့်အပေါ် တခါလေးတောင် မကောင်းသလို မဆက်ဆံခဲ့ဘူး! နင့် ကုမ္ပဏီက ရှယ်ယာတွေ ဘာကိုမှလည်း ငါ ဘယ်တုန်းကမှ မလိုချင်ခဲ့ဘူး ပြီးတော့ ကလေးထပ်မယူမယ့် စာချုပ်မှာပါ လက်မှတ်ထိုးခဲ့တာ...ဒါတောင်မှ အခုတော့? ဟမ့် ထျန်းထျန်း ကြိုးစားထားတဲ့ ပိုက်ဆံတွေကို နင်က အခုလို ဖြတ်ခုတ်ချင်တယ်ပေါ့? ကောင်းပြီလေ! နင် အဲ့လောက် ပိုက်ဆံမက်နေရင်လည်း ငါ့ကိုသာ ပြောလိုက် ငါ အကုန် ပေးပေးမယ်။ နင်မိသားစုက ငါ့ကို အချိန်ကြာကြာ စောင့်ရှောက်ထားခဲ့တာ ဆိုတော့လည်း အကယ်၍ နင်မိသားစုက ပြန်ပေးဆပ်စေချင်တယ် ဆိုရင်တောင် ငါ့ဘက်က ဘာမှ စောဒကတက်နေမှာ မဟုတ်ဘူး။ ဒါနဲ့တောင် ဘယ်လိုဖြစ်ပြီးများ ထျန်းထျန်းရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်ရတာလဲ?!"

ပြီးနောက်မှာတော့ သူမက စုထျန်းထျန်း အကြည့်စူးစူး တချက်ပေးလိုက်ရင်း "အကယ်၍ နင့်ပထွေးက နင့်ပိုက်ဆံတွေ လိုချင်တယ် ဆိုရင် ပေးလိုက်။ ဒါတွေက စိတ်ရှုပ်စရာတွေချည်းပဲ!"

[Book-2] novelထဲ၀င်သွားပြီးနောက် အသဲခွဲသမားဖြစ်လာသော သူမWhere stories live. Discover now