202[U&Z]

327 31 0
                                    

[Unicode]

"Send"ကို နှိပ်လိုက်ပြီး မကြာခင်မှာပဲ ဟော်ပေ့ချန်ရဲ့ လက်က သူမဆီသို့ ဆန့်တန်းလာပြီးနောက် သူမဖုန်းကို ယူလိုက်လေ၏။

"ရှင်!"

"ညစာစားနေတုန်း အာရုံများတာ ခွင့်မပြုဘူး"

ဟော်ပေ့ချန်က နင်မုန့်ကို တင်းမာစွာ ဆူလိုက်ပြီးနောက်မှာတော့ သူ့အစားအသောက်တွေကို ပြန်စားလိုက်သည်။

"...."

'ဘာအာရုံများတာလဲ? ကျွန်မက ကလေးမှ မဟုတ်တော့တာ!'

သို့ပေမယ့်လည်း အမိန့်နာခံစွာပဲ ခေါင်းငုံ့ရင်းသာ မျက်နှာထက်မှ အပြုံးသေးသေးလေးနှင့် သူမ ညစာကို ဆက်စားနေလိုက်၏။

"တကယ့်ကမ္ဘာ"မှာကျ သူမက မိဘမဲ့ကလေး ဖြစ်သည်။ မိဘမဲ့ကျောင်းက သူမ ထွက်လာပြီးတည်းက သူမကို ဆူငေါက်မည့်သူ တယောက်မှ မရှိတော့တာမို့ သူမ လုပ်ချင်တာ ဘာမဆို လုပ်နိုင်ခဲ့သည်။

သူမ သဘောကျသလောက် comicsတွေ ဆွဲနေရင်း အချိန် ဘယ်လောက်ပဲ နောက်ကျနောက်ကျ တားမည့် မရှိ။ သူမကို... ဂရုစိုက်ပေးမယ့်သူ တစ်ယောက်မှ မရှိ....

အရင်တုန်းက ကျောင်းမှာ မိဘတွေရဲ့ ဂရုစိုက်မှု ရရှိတဲ့ အခန်းဖော်တွေကို မြင်တိုင်း သူမ အားကျခဲ့ရတာ ဖြစ်လေ၏။ video games ကစားခွင့် မပေးတဲ့  သူတို့ မိဘတွေအကြောင်း ပြောပြလာတိုင်း သူမ အားကျခဲ့ရတာ ဖြစ်သည်။

ထို့ကြောင့်ပဲ တစ်စုံတယောက်က သူမကိုလည်း ထိုကဲ့သို့ ဂရုစိုက်လာပြီး စည်းကမ်းထုတ်လာတဲ့အခါ....ခံစားချက်တို့က ကောင်းလာ၏။

***

ညစာစားပြီးနောက် ငွေရှင်းပြီးတဲ့အခါ အပြင်ထိ ဟော်ပေ့ချန်က နင်မုန့်ကို လိုက်ပို့ပေးသည်။

၈နာရီ ‌ထိုးနေပြီ ဖြစ်သည့်တိုင် ထိုတဝိုက် လည်ပတ်နေကြတဲ့ ကျောင်းသားများလည်း ရှိနေသေးတာမို့ ယခင်အတိုင်း စည်ကားမြဲ ဖြစ်လေ၏။ ကျောင်းသား အများစုက သူတို့ဘေးမှ ဖြတ်ပြေးသွားတဲ့အခါ အလိုလိုနေရင်း ထိုအရပ်ရှည်ရှည် ကောင်လေးတွေနှင့် တိုက်မိမှာ နင်မုန့် ကြောက်လာတာမို့ ထွက်သွားချင်လာ၏။ ရုတ်တရက်ဆိုသလို သူမဘေးမှ အမျိုးသားက သူမခါးကို အားနှင့် ဖက်လာလေပြီး နောက်စက္ကန့်ပိုင်း အတွင်းမှာတော့ သူမကို သူ့ခန္ဓာကိုယ်နှင့် ဒိုင်းကာသဖွယ် ကာပေးထားသလို သူမ ခန္ဓာကိုယ်တခုလုံးက သူ့ကိုယ်ထဲသို့ နင်၀င်သွားလေသည်အထိ အဆွဲခံလိုက်ရ၏။

[Book-2] novelထဲ၀င်သွားပြီးနောက် အသဲခွဲသမားဖြစ်လာသော သူမWhere stories live. Discover now