203[U&Z]

319 34 0
                                    

[Unicode]

အလင်းရောင် ခပ်ဖျော့ဖျော့ အောက်တွင် လူအများကြီး ရှိနေသည့်တိုင် နင်မုန့်ကတော့ တကမ္ဘာလုံးမှာ သူမ နှင့် ယောက်ျားသာ ရှိသည်ဟု ခံစားနေရလေ၏။

သူမရဲ့ မျက်လုံးဝိုင်းဝိုင်းတွေနှင့် သူ့ကို ကြည့်လိုက်ပြီး ပဟေဠိ ဖြစ်စွာ မေးလိုက်၏ "ထပ်ပြီး?"

သူမကို အခုလို မြင်တဲ့အခါ ဟော်ပေ့ချန်ရဲ့ မျက်ဝန်းထဲ ၀မ်းနည်းမှုတို့ ကြီးစိုးလာ၏။ သို့ပေမယ့်လည်း ခနကြာတဲ့အခါ သူ့လက်ကြီးကြီးကို ဆန့်ထုတ်ပြီး သူမ ခေါင်းကို ပွတ်ပေးလျက် "ဟင့်အင်း ဘာမှ မဟုတ်ပါဘူး မေ့လိုက်တော့"

"..."

ဒီလူက လူတွေကို ကြိုးရှည်ရှည်နဲ့ ဆွဲထားရတာကို သဘောကျတာလား ဟမ်?

ဘယ်လိုပဲဖြစ်ဖြစ် နင်မုန့်ကလည်း ရှည်ရှည်ဝေးဝေး ဆက်မမေးရဲ။

မူလနင်မုန့် နှင့် ဟော်ပေ့ချန်ကြားက အတိတ်က အကြောင်းအရာ တချို့နှင့် ပတ်သက်နေ‌တာဖြစ်လောက်မည်။ အကယ်၍ သူမသာ ရှည်ရှည်ဝေးဝေး ထပ်မေးနေမယ်ဆို သူမက သူ လက်ထပ်ထားတဲ့ "မူလနင်မုန့်" မဟုတ်ဘူးဆိုတာ ပေါ်သွားလိမ့်မည် ဖြစ်သည်။

စူးစမ်းချင်နေတဲ့ စိတ်တွေကို ခွန်အားတခုလုံးနှင့် နင်မုန့် ဖိနှိပ်လိုက်ပြီး မကူမကယ်နိုင်စွာပဲ အချည်းနှီးဖြစ်စွာ ညည်းညူလိုက်လေ၏ "....ကျွန်မ ခေါင်းကို မပွတ်နဲ့လို့!"

သူမက ဆံပင်ကို ponytailစည်းရတာ ကြိုက်သည် အကြောင်းမှာ သူမ comicsတွေ ဆွဲချိန်တိုင်း ဆံပင်နှင့် အလုပ်မရှုပ်နေရလို့ ဖြစ်လေ၏။ သို့ဖြစ်သည့်တိုင် ဟော်ပေ့ချန် သူမ ခေါင်းကို ပွတ်လာတိုင်း ဆံပင်တွေက ရှုပ်ထွေးကုန်သည်။ အခုတော့ သူမ ထပ်ပြီး ပြန်စည်းရတော့ပေမည်။ ဘယ်လိုလူလဲ!

ကြောင်ပေါက်လေးလို ဒေါသတကြီး မာန်ဖီနေတဲ့ သူမကို တွေ့တဲ့အခါ ဟော်ပေ့ချန် မျက်နှာတွင် အပြုံးတခုပေါ်လာပြီး "ကောင်းပြီ"

သူမကို အခုလို စလိုက်ရတာက သူ့ခံစားချက်ကို ပိုကောင်းလာစေသည့်ပုံပင်။

သူမတို့ နှစ်ယောက်လုံး ကားရပ်နားရာ နေရာဆီသို့ လျှောက်သွားလိုက်ကြ၏။

[Book-2] novelထဲ၀င်သွားပြီးနောက် အသဲခွဲသမားဖြစ်လာသော သူမDonde viven las historias. Descúbrelo ahora