199[U&Z]

405 45 0
                                    

[Unicode]

ဒင်!

ဗိုက်ဖိရယ်နေရင်းမှ messageတစ်စောင် နင်မုန့်ဆီ ၀င်လာ၏။

ဟော်ပေ့ချန် : [?]

သူမ ယောက်ျားက စာတွေ အများကြီး ပို့ထားခဲ့တာ မသိလိုက်ဘူးပဲ! ပြီးတော့ ထိုစာတွေ တခုမှကို သူမ replyမပြန်ထားမိခဲ့!

အစောတုန်းက WeChatမှာ errorတက်သွားတာများလား? ဒါမှမဟုတ်....အစောက နင်ဝမ့်ထောင် ရုံးခန်းထဲ သူမ ဖုန်းကျန်ခဲ့တုန်းကများလား? ထို့နောက်မှာတော့ သူမ စာပြန်လိုက်သည်။

နင်မုန့် : [တောင်းပန်ပါတယ် ဘုရင်ကြီးချန် အစောက ရှင့် စာတွေကို မတွေ့လိုက်လို့။ ခွင့်လွှတ်ပေးနော်! အနမ်းတွေနှင့်အချစ်များ.jpg]

ထို့နောက်မှာတော့ ညစာအတူစားဖို့ ဟော်ပေ့ချန်က ဖိတ်လာ၏။

နာရီကို ကြည့်လိုက်တဲ့အခါ ညနေပိုင်း ယာဉ်ကြောပိတ်ဆို့မှု အဆိုးဝါးဆုံး အချိန်ရောက်နေပြီဆိုတာ နင်မုန့် သဘောပေါက်လိုက်သည်။ သူမ အရမ်းကို ဗိုက်ဆာနေပြီဖြစ်၏။ အစောက နေ့လည်အတွက် မှာစားခဲ့သော အစားအသောက်က အရသာမရှိတာမို့ နည်းနည်းပါးပါးလောက်ပဲ စားခဲ့တာ ဖြစ်သည်။

သူမ ယောက်ျားရဲ့ အချိန်လည်း မကုန်ရအောင် နင်မုန့် စာပြန်လိုက်သည် : [ရှင်သွားမယ့် နေရာနဲ့ လိပ်စာ ကျွန်မကို ပေးလိုက်။ ကျွန်မ မောင်းသွားလိုက်မယ်]

ဟော်ပေ့ချန် : [မင်း ဘာစားချင်လဲ?]

ယောက်ျားဖြစ်သူရဲ့ ရင်းနှီးမိတဲ့ စကား‌လုံးတွေကြောင့် နင်မုန့် နှုတ်ခမ်းက ပြုံးရိပ်သမ်းသွားသည်။

ခနလောက် တွေးပြီးတဲ့အခါ နင်မုန့် စာပြန်လိုက်သည် : [ငါးအသားလွှာ စားချင်တယ်။ အဲ့ဒါရှိတဲ့ ဆိုင်ကောင်း ရှိလား]

ပြီးနောက်မှာတော့ ၅မိနစ်လုံး တဖက်မှ စာရိုက်နေတာကို သူမ မြင်နေရ၏။

သူမ ယောက်ျားရဲ့ ပြန်စာကို စောင့်ရင်း နင်မုန့် ပျင်းရိလို့လာလေသည်။

ဟော်ပေ့ချန် : [ခနလေး]

စက္ကန့်အနည်းငယ် ကြာပြီးနောက်....

[Book-2] novelထဲ၀င်သွားပြီးနောက် အသဲခွဲသမားဖြစ်လာသော သူမWhere stories live. Discover now