200[U&Z]

400 46 0
                                    

[Unicode]

တခြားလူတွေဆီမှ ရယ်သံကြားတော့မှ စကားမှားပြောမိပြီဆိုတာ ကောင်လေးက သဘောပေါက်သွားလေ၏။ ချက်ချင်းဆိုသလို မျက်နှာက ပန်းသီးတစ်လုံးလို နီရဲလာလေတော့သည်။

သူဆိုလိုချင်တာကို ရှင်းပြဖို့ ကြိုးစားလိုက်တယ်ဆိုရင်ပဲ အနောက်ဘက်မှ အေးစက်တဲ့ အသံက ထွက်ပေါ်လာ၏။

"ရတယ် လိုက်ပို့ပေးဖို့ မလိုဘူး"

သူမတို့ ရှိရာဆီကို လျှောက်လာတဲ့ ကောင်လေး အနောက်မှ ယောက်ျားဖြစ်သူ ဟော်ပေ့ချန်ကို နင်မုန့် ကြည့်လိုက်သည်။

လမ်းဟောင်းဖြစ်ပြီး ‌တဖြည်းဖြည်းနဲ့ မှောင်ရိပ်သမ်းလာပြီဖြစ်၏။ ခေတ်မှီလမ်းမီးများ မရှိပေမယ့် သူတို့ ပတ်ပတ်လည်က စတင် မှောင်လာသည်နှင့် လိမ္မော်ရောင် အလင်းရောင်တို့က စတင် လင်းလာလေသည်။ သူ ပေါ်လာတဲ့အခါ သူ့ကိုယ်ပေါ်က လမ်းမီးတွေက သူ့ကြောင့်သာ လင်းလက်နေပုံ ပေါ်နေလေ၏။

ခြေလှမ်းကျဲကြီးများ အနည်းငယ်လောက်နှင့် ဟော်ပေ့ချန်က နင်မုန့်ဘေးသို့ လျှောက်လာလိုက်ပြီး လက်တစ်ဖက်နှင့် သူမ ပုခုံးကို ဖက်လိုက်ပြီးနောက် သူ့အနောက်ဘက်သို့ ပို့လိုက်လေသည်။ နင်မုန့် နှင့် ကျောင်းသားလေးရဲ့ ကြားထဲမှာ မတ်တပ်ရပ်လိုက်ပြီး ဟော်ပေ့ချန်က ကျောင်း‌သားလေးကို ကြည့်လျက် "မင်းရဲ့ သူငယ်ချင်းတွေ တနေရာရာမှာ စောင့်နေလောက်ပြီ"

ဟော်ပေ့ချန်ရဲ့ မျက်နှာက တင်းမာပြီး ယောက်ျားဆန်လို့နေသည်။ အေးစက်တဲ့ သူ့အကြည့်တွေက အံ့ဩစရာ ကောင်းစွာပဲ တခြားလူတွေကို ခြိမ်းခြောက်နေလေသည်။ ထိုအရာကို မြင်တဲ့အခါ ကောင်လေးက ချက်ချင်းဆိုသလို အကြောက်တရားတို့နှင့် ထွက်ပြေးသွားလေတော့၏။

‌ကျောင်းသားတွေ ထိုနေရာမှ ထွက်ခွာနေစဉ် လမ်းမကြီးက ရှုပ်ထွေးလို့နေပြီး နင်မုန့်ကို ဟော်ပေ့ချန်က ပူဆွေးစွာ ကြည့်လိုက်ပြီး "အမြဲတမ်း ‌ပေါ်ပြူလာ ဖြစ်နေတုန်းပဲ"

"??"

‌မျက်လုံးဝိုင်းဝိုင်းတွေက ဟော်ပေ့ချန်ဆီသို့ ကျရောက်သွားသလို စိတ်ရှုပ်ထွေးစွာသာ ယောက်ျားဖြစ်သူကို နင်မုန့် ကြည့်လိုက်ကာ "ဟမ်? ပေါ်ပြူလာ ဖြစ်တယ်ဆိုတာ ဘာကိုပြောချင်တာလဲ?"

[Book-2] novelထဲ၀င်သွားပြီးနောက် အသဲခွဲသမားဖြစ်လာသော သူမWhere stories live. Discover now