နွေးထွေးတဲ့တဲလေးထဲကနေ ထွက်လာတာနဲ့တပြိုင်နက် သူမ အဝတ်အများကြီး ၀တ်ထားတာတောင် ခိုက်ခိုက်တုန်သွားခဲ့တယ်။

လက်ရှိအပူချိန်က နိုဝင်ဘာလနဲ့ နှိုင်းယှဉ်၍မရပေ။ နှင်းမကျပေမယ့်လည်း၊ ရွှမ်ချွင်းရဲ့အပူချိန်က ညဘက်တွေမှာဆို အရမ်းနိမ့်တယ်။

ကုမျန်က သူမရဲ့ခြေထောက်ကို နည်းနည်းဆောင့်လိုက်ပြီး လော့ချယ်နေတဲ့ သူမဘေးရှိတဲကို မသိစိတ်မှ လှမ်းကြည့်လိုက်တယ်။

သူမတို့ရဲ့တဲနှစ်လုံးက အတူတူဆောက်ထားတာပင်။

အခုချိန်လောက်ဆို သူ အိပ်ပျော်နေပြီလားဆိုတာ သူမ မသိဘူး။

ကုမျန်က ခဏလောက် စဉ်းစားပြီး လော့ချယ်ရဲ့ တဲဆီကိုလျှောက်သွားကာ အပြင်ကနေ တိုးတိုးလေး ခေါ်လိုက်တယ်။

ဒါပေမယ့် တဲထဲကဘယ်သူမှ မတုံ့ပြန်ဘူး။

ကုမျန်က လော့ချယ်အိပ်ပျော်နေပြီလို့ ထင်သွားတာကြောင့် သူမစိတ်ထဲမထားလိုက်တော့ပေ။

ရွှမ်ချွင်းမှာ ညအပူချိန်က နည်းနည်းနိမ့်ပေမယ့် လေကတော့ တကယ်ကောင်းတယ်။

ကုမျန်က တဲပတ်ပတ်လည်ကို လမ်းလျှောက်ကြည့်ဖို့လုပ်‌နေတယ်။ ခြေလှမ်းအနည်းငယ်ပဲ လှမ်းရသေးတယ်၊ မလှမ်းမကမ်းမှာ စကားပြောနေတဲ့ အသံခပ်တိုးတိုးကို သူမကြားလိုက်ရတယ်။

ဒီအသံက တိုးနေပေမယ့် လော့ချယ်ရဲ့ အသံလိုပဲ။

ကုမျန်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ခဏကြာမျှ တုံ့ဆိုင်းနေပြီးနောက် ထိုနေရာကို လျှောက်သွားလိုက်တယ်

အခြားတစ်ဖက်မှာတော့ လော့ချယ်ရဲ့အသံက အေးစက်နေပြီး "လင်ချန်အန်း၊ မင်း လုံးဝ မပြောင်းလဲသေးဘူးပဲ"

"အိုး၊ ငါက မပြောင်းလဲသေးဘူးလား မင်းကတော့ အများကြီးပြောင်းလဲသွားပြီလို့ ငါထင်တယ်၊ လော့ချယ် မင်း အခု မိန်းမတွေကို အားကိုးနေရတာလား"

လော့ချယ်က ခပ်တိုးတိုးရယ်မောလိုက်တယ်။ ဒီရယ်မောခြင်းက နှစ်လိုစရာကောင်းတဲ့ ရယ်မောခြင်းမဟုတ်ဘဲ အနည်းငယ်ရွဲ့စောင်းချင်တဲ့ ရယ်မောခြင်းပင်။ "ငါက မင်းလို့ထင်နေတာလား"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now