လင်ချန်အန်းကအံကြိတ်ကာ နှလုံးသားထဲမှာတော့ ခါးသီးစွာနဲ့ မကျေမချမ်းဖြစ်သွားခဲ့တယ်။ လော့ချယ်က နောက်ထပ်လာမယ့်သူမဟုတ်ကြောင်း သူသိခဲ့ရင် အစတည်းက ပိုပြီးရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ခဲ့မိမှာပင်။

မမျှော်လင့်ဘဲ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း လော့ချယ်က ပြောင်းလဲသွားပြီး အရင်ကနဲ့ အရမ်းကိုကွာခြားသွားခဲ့ပြီ။

သူက လော့ချယ်ရဲ့နောက်လာမယ့် လှုပ်ရှားမှုကို မှန်းဆလို့မရတော့ဘူး။ အရင်ကလော့ချယ်သာ သူ့ရဲ့ရန်စမှုကို ရင်ဆိုင်ခဲ့မယ်ဆိုရင်၊ သူက ကောင်ကလေးဆီ သေချာပေါက်သွားလိမ့်မယ်။

တကယ်တော့ လင်ချန်အန်းက လော့ချယ်ကို တကယ်ကြီးနားလည်မှုလွဲသွားတာပါ။

လော့ချယ်က ကောင်က‌လေးဆီသွားချင်ပေမယ့် သူနဲ့ လီရှောင်းကအရင်က မအောင်မြင်ခဲ့ဘူးလို့ ကုမျန်က တွေးထားတယ်။ သူမက သူမတို့အဖွဲ့ထဲမှာ မကြိုးစားကြည့်ရသေးတဲ့ တစ်ဦးတည်းသောသူဖြစ်လို့ သူမက ကောင်ကလေးဆီသွားဖို့ရာ စတင်လုပ်ဆောင်ခဲ့တာပင်။

ကုမျန်ရှေ့ကို လျှောက်သွားပြီးနောက် ‌လော့ချယ်က သဘာ၀ကျကျပင် သူမကို တားမှာမဟုတ်ပေ။

မထင်မှတ်ပဲ၊ ကုမျန်ကံကောင်းခဲ့ပြီး သူမက တခေါက်လောက်ကြိုးစားကြည့်ရုံနဲ့ အောင်မြင်ခဲ့တယ်။

နဉ်နဉ်က သူမရဲ့လက်ကိုပွတ်သပ်ပြီး ပြုံးပြုံးလေးနဲ့"ကလေး၊ အစ်မ ဆေးချယ်တတ်တယ်၊ မင်းအတွက် ဆေးချယ်ပေးရမလား"

ကောင်ကလေးက သူမကို လေးလေးနက်နက်ကြည့်ကာ ခေါင်းခါလိုက်တယ်။

နဥ်နဥ်က အံ့အသင့်သွားရတယ်။ "မင်း အစ်မကို ဘာလို့ ငြင်းတာလဲ အစ်မမှာလည်း စိတ်ဝင်စားစရာကောင်းတာလေးတွေ အများကြီးရှိပါတယ်"

ကောင်လေးက တိုးတိုးလေးပြောလိုက်တယ်။"မင်းက ဒီမမလောက် ကြည့်မကောင်းလို့ပဲ"သူက သူ့ဘေးက ကုမျန်ကို ညွှန်ပြလိုက်တယ်။

နတ်ဘုရားမနဉ်နဉ်ရဲ့နှလုံးသားလေးက အပိုင်းပိုင်းအခွဲခံလိုက်ရတယ်။

သူမက ကုမျန်လောက် ကြည့်မကောင်းပေမယ့် ရုပ်မဆိုးပါဘူး။ ပြောစရာကိုမလိုတာ၊ သူမက ရုပ်အရမ်းဆိုးနေလို့လား၊ဟမ်?

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်On viuen les histories. Descobreix ara