22 - Changes

492 104 6
                                    

အပိုင်း ၂၂ ။ ။ ပြောင်းလဲမှုများ

ရှီယွမ် ပြောလိုက်သည် "ငါ မင်းကို မသိဘူးလေ"

ထိုလူကြီး၏ အလုပ်ရင်ထိုးတံဆိပ်လေးတွင် [ရှစ်ယိ] ဟု ရေးသားထားကာ သူ၏...သူ၏ အရင်နာမည်ဖြစ်ပြီး ယခုတော့ ထိုလူကြီးက ရှစ်ယိမဟုတ်တော့ပေ။ 'ရှစ်ယိ'က တဆန့်ငင်ငင်လှုပ်နေကာ နွယ်ပင် အများအပြားက တစ်ရှိန်ထိုးတက် ထွက်လာပြီး ထိုအနွယ်များက အဆောက်အဦးနံရံပေါ်တွယ်တက်၊ လမ်းမီးတိုင်းတွေကို ကွေးပစ်ပြီး ထိုအနွယ်များက ကျောက်သားလမ်းအတိုင်း ဆက်၍ ဆန့်ထုတ်လာကာ မြေပြင်ကို ဖျက်ဆီးပစ်လိုက်သည်။

ထိုခဏတွင် ထိုအရာကြီးက လူသားလား မကောင်းဆိုးဝါးသတ္တဝါလားဆိုသည်ကို ရှီယွမ် မပြောနိုင်ပေ။

ထိုအရာကြီးက နှစ်ခုကြားတွင်ရှိနေကာ သူသည် လူသားဘာသာစကားကို ပြောနေနိုင်ပြီး မကောင်းဆိုးဝါးသတ္တဝါတစ်ကောင်လို အတွေးရှိနေသည်- ထိုအရာကြီးသည် ခုနက ရှီယွမ်ကို မကောင်းဆိုးဝါးသတ္တဝါတစ်ကောင်ကဲ့သို့ စကားပြောသွားသည်မှာ အလွန်သေချာနေသည်။

ကန္တာရကြီးထဲမှာတုန်းကတော့ မကောင်းဆိုးဝါးသတ္တဝါအများစုက ရှီယွမ်ကို ရှောင်ဖယ်ကြကာ ဘယ်တုန်းကမှ တက်ကြွစွာ မချဉ်းကပ်လာဖူးပေ၊ ပြီးလျှင် သူတို့တွင်လည်း လုံးဝကို ဘာသာစကားဖြင့် ဖော်ပြနိုင်စွမ်းလည်းမရှိကြပေ။

အသွင်ကူးပြောင်းနေသည့် ဖြစ်စဉ်တွင် ထိုကဲ့သို့သော လူသားတစ်ဝက်၊ မကောင်းဆိုးဝါးသတ္တဝါတစ်ဝက်ဖြစ်လာခြင်းကို ပထမဆုံးအကြိမ်အနေဖြင့် ရှီယွမ် မြင်ဖူးခြင်းဖြစ်လေသည်။

ရှီယွမ်က ထပ်ပြောလိုက်သည် : "ငါ မင်းကို မသိဘူး၊ မင်း လူမှားနေတာဖြစ်မယ်"
သူ တိုက်တွန်းလိုက်သည် "မြို့တော်ကနေ မြန်မြန်ထွက်သွားတော့ မဟုတ်ရင် မင်းကို လူသားတွေရှာတွေ့တဲ့အခါ မင်းကို သတ်ပစ်ကြလိမ့်မယ်... လူသားတွေကို မထိခိုက်စေနဲ့၊ သူတို့အားလုံးက အရမ်းကောင်းကြပါတယ်"

ထိုလူကြီးက ရှီယွမ်ကို တောက်လျှောက်ကြည့်နေခဲ့ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလာကာ ရှီယွမ်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

ချောက်နက်လေးနှင့် နေထိုင်ခြင်းWhere stories live. Discover now