3.1 - Abyss

682 141 0
                                    

အပိုင်း ၃ ။ ။ အသူတစ်ရာချောက်နက်

ဝမ်းယွီသည် ရှီယွမ်၏ အထိတ်တလန့်ဖြစ်သွားခြင်းကို အာရုံမစိုက်မိဘဲ သိသင့်သိထိုက်သည့် ဗဟုသုတများကို အလေးအနက်ထားကာ ပြောကြားနေသည်။

{အသူတစ်ရာချောက်နက်}

အဲ့ဒါက ကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံးပဲ။

လွန်ခဲ့သည့် နှစ်ပေါင်း ခုနစ်ဆယ်၊ အဲ့ဒီ့နှစ်၊ ၂၁၇၀ခုနှစ်၊ မြောက်များစွာသော ချောက်နက်များက ဘယ်နေရာကမှန်းမသိ ထွက်ပေါ်လာကြ၏။ ဝင်ရိုးစွန်းဒေသတစ်ဝိုက်၊ စွန့်ပစ်မြေ အနက်ပိုင်း၊ မိုးသစ်တော အလည်ခေါင် ... ချောက်နက်များသည် မည်ကဲ့သို့ ဖန်တီးခံထားရမှန်း မည်သူမျှ မသိနိုင်သော်ငြား ထိုချောက်နက်များသည် နက်ရှိုင်းပြီး အရာအားလုံးကို အငမ်းမရ ဝါးမျိုတော့သည်။

ချောက်နက်နှင့် နီးကပ်နေသည့် သတ္တဝါတိုင်းသည် သန္ဓေပြောင်းလဲသွားကြသည်၊ ငှက်များသည် ဦးခေါင်း ငါးလုံး သို့မဟုတ် ခြောက်လုံးလောက် ပေါက်လာကြသလို၊ အင်းဆက်ပိုးမွှားများနှင့် ပုရွက်ဆိတ်များသည် ဧရာမကြီး ဖြစ်လာကြသည်၊ ဝံပုလွေများသည် အရိုးစုများအဖြစ်သာ ကျန်ခဲ့သော်လည်း ပြေးလွှားနေနိုင်သေးပြန်၏၊ ပြီးလျှင် ထိုကဲ့သို့သော သန္ဓေပြောင်းသတ္တဝါများ၏ တိုက်ခိုက်ခြင်းကို ခံရသည့် သူများသည်လည်း ဆက်လက်၍ သန္ဓေပြောင်းသွားကြကာ အခြေအနေအရပ်ရပ်သည် ထိန်းချုပ်မရသည့်အဆင့်သို့ ရောက်ရှိသွားရတော့သည်။

မဟာမိတ်တပ်ဖွဲ့သည် ကူးစက်မှုကို တားဆီးရန် အကောင်းဆုံး ကြိုးပမ်းခဲ့သည်၊ သို့သော်လည်း သန္ဓေပြောင်းသည့် ပုံစံနမူနာသည် သိပ္ပံပညာရပ်၏ အတိုင်းအတာထက်ပင် ကျော်လွန်နေလေ၏။ သေစေနိုင်သည့် သတ္တဝါများသည် တစ်ကောင်ပြီးတစ်ကောင် ပိုပို၍ ပေါ်ပေါက်လာပြီး လူသားများမှာ ကူးစက်ခံကြရတော့သည်၊ အမိန့်အာဏာများသည် ပျက်ပြားယိုယွင်းသွားကြပြီး မြို့တော်များသည်လည်း ပြိုလဲကုန်တော့၏၊ ယခုတွင် ကာကွယ်ရေး သံတံတိုင်းဟုခေါ်တွင်သော အဆောက်အဦးကြီးရှိသည့် ပုဂ္ဂလိက သီးခြား မြို့တော်များသာ တည်ရှိကြတော့သည်။

ချောက်နက်လေးနှင့် နေထိုင်ခြင်းWhere stories live. Discover now