1.2 - Little Monster

913 145 0
                                    


လက်နက်များကိုင်ဆောင်ထားသည့် စစ်သား တစ်ယောက်ချင်းစီသည် ချည်းကပ်လာကြ၏။

ရှီယွမ် ဤမျှလောက် လူအများကြီးကို မြင်ဖူးခြင်းသည် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ထို့နောက်တွင် သူတို့တွေသည် ရှီယွမ်ကို ချည်နှောင်ကာ လက်ပေါင်းများစွာက သူ့ကို ဖိထားကြပြီး အေးစက်နေသည့် သေနတ်ပြောင်းဝများက ရှီယွမ်၏ ဦးခေါင်းထက်သို့ ချိန်ထားကြ၏။ တစ်စုံတစ်ယောက်သည် ဆေးထိုးပြွန်ဖြင့် ရှီယွမ်ထံသို့ ချည်းကပ်လာပြီးနောက် သွေးအမြောက်အများကို သူ့ဆီမှ ထုတ်ယူနေသည်။

"ငါတို့တွေ နာရီဝက်အတွင်း စမ်းသပ်ချက်အဖြေ ရလာလိမ့်မယ်" သွေးကို ထုတ်ယူသွားသည့် လူမှ ပြောလာ၏၊ "အဲ့ဒါဆို သူ ကူးစက်ခံရခြင်း ရှိမရှိကို သိနိုင်မယ်"

"ဘာကြောင့် စမ်းသပ်နေဦးမှာလဲ" ရှီယွမ်ကို ဖိထားသည့် လူအများထဲမှ တစ်ယောက်က ပြောလာသည်၊ "သူ့ရဲ့ အကြေးခွံတွေ၊ သူ့ရဲ့ဦးချိုတွေ ပြီးတော့ သူ့အမြီးကိုသာ ကြည့်လိုက်တော့။ ဒါက ကူးစက်မှု နောက်ဆုံးအဆင့်ဆိုတာ သိသာနေတာပဲ။ သူ့ကို အဆုံးသတ်ပေးလိုက်တာကပဲ သက်ညှာပေးရာရောက်လိမ့်မယ်။ ဒီကလေးက ဘယ်လိုမကောင်းဆိုးဝါးအဖြစ် အသွင်ပြောင်းသွားမလဲဆိုတာကို ဘယ်သူကမှ မသိနိုင်ဘူး" ရှီယွမ်၏ အနောက်ဘက်မှနေ၍ သေနတ်ပြောင်းဝ တစ်ခုက ပြင်းထန်စွာနှင့် သူ့ခေါင်းကို ဖိလာ၏။

"ငါတို့တွေ စေ့စပ်သေချာနေမှဖြစ်မယ်" သွေးထုတ်ယူသူမှ ပြတ်ပြတ်သားသားဖြင့် "ငါတို့တွေ ကူးစက်မှုရဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ထပ်တိုးရောဂါအသစ်တွေရဲ့ ဖြစ်နိုင်ချေကို ထည့်မတွက်လို့မရဘူး။ အဲ့ဒါက လူတစ်သန်းမှာ တစ်ယောက် ဖြစ်နိုင်ခြေက နည်းတယ်ဆိုပေမယ့် ရှိတော့ရှိနေတာပဲလေ မဟုတ်ဘူးလား?"

ထိုလူမှ နှာမှုတ်ကာဖြင့် "လူတစ်သန်းမှာ တစ်ယောက်... အခုလေးတင် သူ ပျားဘုရင်မကြီးကို ထိဖို့ကြိုးစားနေတာ ခင်ဗျားမမြင်ဘူးလား? ဒါမျိုးကို သာမန်လူတွေ လုပ်မှာတဲ့လား?!"

"ဒါက ခိုင်လုံတဲ့ သက်သေမဟုတ်သေးဘူးလေ၊ ငါ့ဓါတ်ခွဲခန်းက ရလာမယ့် အဖြေကသာ ခိုင်လုံတဲ့ သက်သေဖြစ်မှာ။ ဒါနဲ့ စကားမစပ် ဗိုလ်ကြီးချိုင့်၊ ဗိုလ်ချုပ်လုက မြို့တော်ကို ပြန်လာတော့မယ်။ ဒီကိစ္စကို ဗိုလ်ချုပ်လုကိုပဲ သတင်းပို့ပေးလိမ့်မယ်"

ချောက်နက်လေးနှင့် နေထိုင်ခြင်းWhere stories live. Discover now