16.3 - Sleep together & invitation

436 95 2
                                    

အပိုင်း ၁၆(၃) ။   ။ အတူတကွ အိပ်စက်ခြင်းနှင့် ဖိတ်ခေါ်ခြင်း

ဧည့်ခန်းထဲမှ စားပွဲပေါ်တွင် လုထင်းဟန် ဖတ်ခဲ့သည့် ‘မဟာမိတ်စစ်တပ်၏ စစ်တပ်ပိုင်းဆိုင်ရာသမိုင်းပေါင်းချုပ်’ စာအုပ်ရှိနေပြီး စာညှပ်ကလစ်ဖြင့် စာမျက်နှာ ၁၄၇တွင် ညှပ်ထားသည်။

ကာဖျူးဥဩဆွဲပြီးသည့်နောက်၊ ရှီယွမ်သည် ထိုစာအုပ်ကို သူ့အခန်းဆီသို့ ယူသွားကာ သူ့လူသားက ဘာကြောင့် သူ့ထက် အရမ်းဉာဏ်ကောင်းကြောင်းကို လေ့လာရန် အိပ်ယာမဝင်ခင် ထိုစာအုပ်ကို ဖတ်ချင်ခဲ့သည်။

သို့ပေမယ့် စာအုပ်၏ နိဒါန်းကို ဖတ်၍ မပြီးသေးခင်မှာပဲ ရှီယွမ်သည် မူးဝေပြီး အိပ်ပျော်သွားတော့သည်။

ထိုအချိန်အတောအတွင်း၊ ရှီးဆွေ့မြို့တော် အနောက်ဘက် အခြေစိုက်စခန်း။

လေအေးများက တဟူးဟူးတိုက်ခတ်နေသည်၊ ကောင်းကင်လိုက်ကာက အမှောင်ကျနေပြီး တိမ်ထူထူများက မှင်စက်များ ဖိတ်စဉ်ထားသလိုဖြစ်နေကာ အနက်ရောင်သံမဏိအဆောက်အဦးကြီးကို ဖိနှိပ်ထားသကဲ့သို့ပင်ဖြစ်ပြီး အခြေစိုက်စခန်းသည် မီးများ ထိန်ထိန်လင်းလျက်ရှိနေသည်။

ရာသီဥတု ကြည်လင်ပြီး လေထုထဲတွင် မြူအနည်းငယ်သာ ဆိုင်းနေမည်ဆိုလျှင်၊ အခြေစိုက်စခန်း၏ စွမ်းအားမြင့် မီးမောင်းကြီးများက ၅ကီလိုမီတာအကွာအဝေးထိ အလင်းရောင်ပေးနိုင်လိမ့်မည်။ ယခု ထိုမီးမောင်းကြီးများသည် စွမ်းအားအပြည့် လည်ပတ်နေရပြီး အလင်းရောင်သည် မှုန်ဝါးဝါးဖြစ်နေကာ ကောင်းကင်ပေါ်မှ ကျလာသည့် မှင်ရောင်တိမ်တိုက်တို့ကို ဖောက်ထွက်နေသည်၊ ထို့အပြင် ထိုမီးမောင်းကြီးများသည် မြေကြီးပေါ်မှ ချိုင့်ရာများ တွင်းများနှင့် ပိုးကောင်များ၏ အလောင်းများပြည့်နေသည့် မြေပြင်ပေါ်သို့လည်း အလင်းရောင်ပေးနေသည်။ အခြေစိုက်စခန်းသည် နောက်တစ်ကြိမ်ထပ်ပြီး မကောင်းဆိုးဝါးသတ္တဝါများ၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။

ချောက်နက် နံပါတ် 7 ၏ ထူးခြားသော ပင်ကိုယ်လက္ခဏာဖြစ်သည့် ‘ဧရာမကြီးထွားခြင်း’ ၊ ကူးစက်ခံ အင်းဆက်ပိုးမွှားများသည် နဂိုရှိရင်းဆွဲထက် အဆပေါင်းထောင်ချီ ကြီးထွားကြသည်။

ချောက်နက်လေးနှင့် နေထိုင်ခြင်းWhere stories live. Discover now