29 - Performances & Flowers

277 66 2
                                    

အပိုင်း ၂၉  ။  ။ ဖျော်ဖြေပွဲနှင့် ပန်းများ

ရှီယွမ်က စတင်၍ ပြန်သရုပ်ဆောင်နေပြီဖြစ်သည်။

ဘဝက လမ်းကြောင်းပေါ်သို့ ပြန်ရောက်နေလင့်ကစား ပရိတ်သတ်များက အရင်ကထက်ပင် ပို၍ နည်းသွားလေသည်။ သူတို့သည် ပွဲလုပ်သည့် အရေအတွက်ကို တစ်ပတ်လျှင် သုံး၊လေးကြိမ်မှ တစ်ပတ်လျှင် တစ်ကြိမ်၊ နှစ်ကြိမ်အထိ ချုံ့လိုက်ကြသည်။

“သိပ်မကြာခင် ပို အဆင်ပြေလာမှာပါ” ချင်လော့လော့ ပြောလေသည်။ “သတိပေးချက်အကြီးကြီး ပြီးသွားတဲ့အချိန်တိုင်းမှာ ဧည်သည်အလျဉ်က အမြဲ ဒီအတိုင်းပဲဟာ။ ကျွန်မ တွက်ကြည့်ပြီးသွားပြီ နောက်တစ်လပြီးရင်တော့ အရင်အတိုင်းပဲ ပြန်ဖြစ်သွားလိမ့်မယ်”

တိုတိုပြောရရင်တော့ ရှီယွမ်က စင်ပေါ်မှာ ဖျော်ဖြေဖို့ကို ကြိုးကြိုးစားစားလုပ်ခဲ့ပြီး သူ အားနေလျှင် စင်အနောက်ဘက်ကို ရှင်းလင်းကာ ပြဇာတ်ရုံ၏ ဝင်ပေါက်မှ ကြော်ငြာပိုစတာများကို လဲပေးသည်။

သူသည် လင်မော့အဖြစ် သရုပ်ဆောင်ပြီး အကြိမ်များစွာ အသတ်ခံခဲ့ရသည်။ သူ ဆိုက်ပရက်စ်မိစ္ဆာအဖြစ် သရုပ်ဆောင်ပြီး အကြိမ်များစွာ အသတ်ခံရပြန်သည်။ သူ ကယ်တင်ခြင်းနတ်ဘုရားအဖြစ် သရုပ်ဆောင်လေသည်… ဒီတစ်ခါတွင် သူ အသတ်မခံရတော့ပါဘဲ ကမ္ဘာကြီးကို ကယ်တင်ခဲ့သည်။

ဇာတ်လမ်း အဆုံးသတ်တွင် ဝုဖ်ဂိန်း သရုပ်ဆောင်ထားသော လီယိုသည် သူ့ အရှေ့တွင် ဒူးထောက်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလာသည် : “မင်းက တကယ်ပဲ၊ မင်းက တကယ်ပဲ ကမ္ဘာကြီးကို ကယ်တင်ပေးနိုင်ပြီး ငါ့ကို သူရဲကောင်းဖြစ်အောင် လုပ်ပေးနိုင်တာလား?”

ထိုအချိန်တွင် ရှီယွမ်က သူ့ဆီသို့ လက်ကို ဆန့်ထုတ်လိုက်သည် — သူ၏ ရုပ်သွင်ပြင်သည် နတ်ဆိုးဆန်လှကာ သူ၏ အမူအရာသည် သိမ်မွေ့ညင်သာနေပြီး မရှင်းလင်းပါသော ကောင်းကင်ကြီးသည် မြူများနှင့် ပြည့်နှက်လို့နေပြီး ထိုမြူထဲမှ ရွှေရောင်တဖိတ်ဖိတ်တောက်နေပုံမှာ လှပပါပေ၏။

လီယိုသည် ပလ္လင်အရှေ့တွင် သေဆုံးသွားကာ မကောင်းဆိုးဝါးမိစ္ဆာများက ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားခဲ့ပြီး ထိုအချိန်မှစ၍ ခေတ်သစ်တစ်ခု ရရှိခဲ့သည်။

ချောက်နက်လေးနှင့် နေထိုင်ခြင်းWhere stories live. Discover now