2.2 - Alien

782 142 1
                                    

ရှီယွမ်၏ အနည်းငယ်မျှသော အသိပညာလေးသည် လူအုပ်ကြီး၏ မေးခွန်းအတန်းလိုက်အောက်တွင် အလွယ်တကူပင် ဖိနှိပ်ခံလိုက်ရတော့သည်။

မကြာမီတွင်ပင် လူတိုင်းမှ သူသည် သံလိုက်အိမ်မြှောင်နှင့် မြေပုံကိုလည်း မဖတ်တတ်သည့်အပြင် မည်သည့် လျှပ်စစ်ပစ္စည်းများကိုမျှ မသုံးတတ်ကြောင်းကို သိလိုက်ရသလို၊ ရှီယွမ်သည် ရေနွေးလည်း မကျိုတတ်၊ အစားအစာများကိုလည်း ကိုယ့်ဘာသာကိုယ် အပူပေးပြီး မစားတတ်ကြောင်းကိုလည်း သိလိုက်ရပြီး၊ ပြီးလျှင် သူသည် ကူးစက်ခံရသည့် လူများအကြောင်းကိုလည်း ဘာမှ မသိရှာပေ...။ ရှီယွမ်သည် ဖန်လုံအိမ်ထဲမှ ပန်းပွင့်လေးသဖွယ်ပင်၊ သူသည် ချိုမြိန်သည့်ငတုံးလေးနှင့်ပင် ပို၍တူသေးသည်၊ လူအများသည် ယနေ့အချိန်အထိ သူ မည်သို့များ အသက်ရှင်သန်ခဲ့သည်လည်းဆိုသည်ကို စိတ်ကူးတောင်မယဉ်ဝံ့ကြပေ။

ယာဉ်တန်းသည် သစ်တောထဲမှ ထွက်လာခဲ့ပြီး ပျားဧကရီဘုရင်မကြီး ကျက်စားရာ နေရာတစ်ဝိုက်မှ ကျော်လွန်လာခဲ့ကာ အဆုံးမရှိသည့် မြေရိုင်းကန္တာရကြီးထဲသို့ ရောက်ရှိလာကြသည်။ ယာဉ်တန်းသည် ပြန်လည်မထွက်ခွါမှီ နှစ်နာရီကြာမျှအနားယူရန် ရပ်တန့်လိုက်ချိန်သည် အမှောင်ဆုံးသောအချိန်ဖြစ်သည့် အာရုဏ်မတတ်မှီအချိန်ပင် ဖြစ်သည်။

လူပါးဖန်းနှင့် ဝမ်းယွီသည် သူတို့ကားပေါ်မှ မတန်တဆပမာဏဖြစ်နေသည့် ဆေးပစ္စည်းကိရိယာများကို အခြားကားပေါ်သို့ ပြောင်းရန် ကားပေါ်မှ ဆင်းသွားကြသည်။ သေတ္တာများကို ရွှေ့ပြီးသည့်နောက် နှစ်ယောက်သားသည် ချွေးများမနည်းမနော ထွက်နေကြတော့သည်။ လူပါးဖန်းသည် ဝမ်းယွီကို အနားသို့ဆွဲခေါ်ကာ "အမဝမ်း၊ ရှီယွမ်မှာ ဘာတွေဖြစ်ခဲ့တယ်လို့ ထင်လဲ? သူက လွန်ခဲ့တဲ့ ရာစုနှစ်လောက်က ရောက်လာတဲ့ လူအတိုင်းပဲ။ ကျွန်တော် သူ့ကို ဖုန်းဘယ်လိုသုံးရမလဲဆိုတာကို ပြလိုက်တော့ သူက "ဝိုး! မင်းက အံ့ဩဖွယ်ရာပဲ!" တဲ့ ပြီးတာနဲ့ သူက ကျွန်တော့်ကို အထူးတလည်ကြီး ကိုးကွယ်နေတော့တာပဲ"

ဝမ်းယွီသည် ကောင်းကင်ကြီးကို မော့ကြည့်ကာ "ငါလည်း မသိတော့ပါဘူး..."

ချောက်နက်လေးနှင့် နေထိုင်ခြင်းWhere stories live. Discover now