15 - Nightmare

599 120 2
                                    

အပိုင်း ၁၅ ။  ။ အိပ်မက်ဆိုး

အနက်ရောင် ငှက်အုပ်ကြီးသည် စူးစူးဝါးဝါး အော်မြည်နေသည်၊ ဗုံးပေါက်ကွဲမှုများကြောင့် မီးများက တောက်လောင်လို့နေပြီး ဓါတ်ဆီရနံများနှင့် ချစ်ချစ်တောက် တောက်လောင်နေသည့် မီးတောက်၊မီးညွှန့်တို့က လေထဲတွင် ပျံ့လွင့်လို့နေပေသည်။

အဆုံးသတ်တွင်၊ ကျိုးပဲ့နေသော ခြေလက်အင်္ဂါများနှင့် အမွှေးအတောင်များဖြင့် ကူးစက်ခံငှက်အုပ်ကြီးက တိုက်ပွဲကို လက်လျှော့ပြီး အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ တိုက်လေယာဉ်ပျံနှင့် လက်နက်တပ်ရဟတ်ယာဉ်များသည် သူတို့၏ ဖွဲ့စည်းမှုပုံစံကို ပြန်ညှိကာ မြို့တော်သို့ အပြန်ခရီးကို စတင်လိုက်ကြသည်။

အမိန့်ပေးထိန်းချုပ်စင်တာမှ ဩဘာပေး ကြွေးကြော်သံများက ဆူညံလို့သွားလေသည်။

တိုက်ပွဲသည် ရုတ်ချည်း ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ချောက်နက် နံပါတ် 4 ၏ စောင့်ကြည့်လေ့လာရေးတာဝါမှ စောင့်ကြည့်ကိရိယာတွင် နဂိုအတိုင်းရှိမနေသည့် တိုင်းတာသည့်တန်ဖိုး မူမမှန်မှုများကို ဖမ်းမိကာ အချိန်နှင့်တပြေးညီ ချက်ချင်းပင် သတိပေးချက်ကို ပို့လွှတ်လိုက်ပြီး ရှီးဆွေ့မြို့တော်ကို အရေးပါသည့် ၃မိနစ် ပြင်ဆင်ချိန်ကို ပေးအပ်ခဲ့သည်။ ထို့နောက် လုထင်းဟန်၊ သူသည် အစဉ်အမြဲပင် တိုက်ပွဲကို အလွန်လှလှပပပင် တိုက်ခိုက်ကာ အနိုင်ယူသူဖြစ်ပေ၏။

လုထင်ဟန်သည် စစ်တပ်သုံးတာမီနယ်ကို ချလိုက်ပြီး အမိန့်ပေးခွင့်ကို အခြေစိုက်စခန်းသို့ လွှဲပြောင်းပေးလိုက်သည်။

လုထင်းဟန်၏ နားထင်တွင် ချွေးများဖြင့် စိုထိုင်းလို့နေပြီး သူသည် လက်ခုပ်သံများကြားမှ တစ်ယောက်တည်း ရုံးခန်းဆီသို့ ပြန်သွားလေသည်။

စားပွဲတင်မီးအိမ်ကို ဖွင့်လိုက်ပြီးနောက် လုထင်းဟန်သည် ပြတင်းပေါက်ရှေ့တွင် မတ်တပ်ရပ်နေခဲ့သည်၊ မီးအိမ်မှ မီးရောင်ပြပြက လုထင်းဟန်၏ ဘေးတိုက်မြင်ရသည့်ဘက်အခြမ်းသို့ ကျရောက်နေပြီး သူ၏မျက်နှာကို တစ်ဖက်ကမှောင်၊ တစ်ဖက်က လင်း၍ အလင်းပြန်လျက်ရှိသည်။

ချောက်နက်လေးနှင့် နေထိုင်ခြင်းWhere stories live. Discover now