8 - Convince

654 149 5
                                    

အပိုင်း ၈ ။ ။ စည်းရုံးသိမ်းသွင်းခြင်း


ဝမ်းယွီနှင့် လူပါးဖန်းသည် တဲအပြင်ဘက်တွင် ဘေးချင်းယှဉ်လျက် မတ်တပ်ရပ်နေကြသည်၊ လေအေးများက တိုက်ခတ်နေပြီး ကမ္ဘာကြီးသည် တိတ်ဆိတ်ခြောက်ကပ်လို့နေပေသည်။

ဝမ်းယွီသည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများသည် နက်ရှိုင်းလို့နေပြီး သူမ၏ အဖြူရောင် ဝတ်ရုံသည် လေထဲတွင် တဖျပ်ဖျပ်ခတ်လို့နေသည်၊ သူမသည် ဆပ်ပြာရည်ဘူးတစ်ခုကို လက်ထဲတွင် ကိုင်ထားဆဲဖြစ်ကာ ပါးစပ်ကို ဖွင့်လိုက်ပြီးနောက် ပြောလိုက်သည် "အဲ့တော့၊ ရှီယွမ်က အဲ့ဒီလိုပဲ ဗိုလ်ချုပ်ကြီးနဲ့အတူ ထွက်သွားတာပေါ့?"

"ဟုတ်တယ်" လူပါးဖန်းကလည်း အဝေးတစ်နေရာကို ကြည့်လို့နေသည်။ "သူတို့တွေ လေယာဉ်ပေါ်တက်သွားပြီး အတူထွက်သွားကြတာပဲ"

"သူ ဘာလုပ်လိုက်တာလဲ၊ သူက ဒီတိုင်း ခုန်တက်ပြီး ဗိုလ်ချုပ်ကြီးကို ဖက်လိုက်တာလား?"

"ဟုတ်တယ်" လူပါးဖန်းသည် အဝေးတစ်နေရာကို ကြည့်နေဆဲပင်။ "အဲ့ဒါပဲ၊ ရိုးရှင်းပြီးတော့ ထိရောက်တယ်"

ဝမ်းယွီသည် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး "အကြွေစေ့က မလိမ်ဘူးပဲ"

လူပါးဖန်း၏ အမူအရာသည် တည်ငြိမ်အေးချမ်းလို့နေသည်။ အနီးကပ်ကြည့်လိုက်လျှင်တော့ အလွန်တစ်ရာမှ တုန်လှုပ်သွားစေသည့် မြင်ကွင်းကို မြင်ခဲ့ရပြီး ထူးကဲစွာ ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ဖြစ်နေကာ ပြောလာ၏ "ကျွန်တော် မှားခဲ့တယ်၊ ကျွန်တော် တကယ်ကြီးကို မှားခဲ့တာ။ ကျွန်တော်တို့က သာမန်လူတွေရဲ့ စံနှုန်းနဲ့ အရာရာကို တိုင်းတာ မှန်းဆပြီး တွက်ချက်နေခဲ့တာ ဒါပေမယ့် ရှီယွမ်က သာမန်လူ မဟုတ်ဘူးလေ။ သူက စည်းမျဉ်းစည်းကမ်းတွေကို ဂရုစိုက်မနေဘူး၊ သူက သူလုပ်ချင်ရာ သူလုပ်နိုင်လောက်တဲ့အထိလည်း ရုပ်ချောသေးတယ်။ နောက်ပြီး အဆုံးသတ်ကျတော့ ဗိုလ်ချုပ်လုကလည်း ယောင်္ကျားတစ်ယောက်ပါပဲလေ..."

ဝမ်းယွီသည် တစ်ခဏလောက် နှုတ်ဆိတ်နေပြီး "သူတို့နှစ်ယောက်က အချင်းချင်းသိထားကြပြီးသားဆိုတဲ့ ဖြစ်နိုင်ချေရော မရှိဘူးလား?"

ချောက်နက်လေးနှင့် နေထိုင်ခြင်းWhere stories live. Discover now