6 - He and the city

763 146 2
                                    

အပိုင်း ၆ ။ ။ သူနှင့် မြို့တော်

လုထင်းဟန်က အမြဲ ဒီလိုပဲ ရုတ်တရက် ပေါ်လာတတ်သည်။

လွန်ခဲ့သော ဆယ်နှစ်က၊ သာမန်နေ့လေး တစ်ရက်တွင်၊ ချောက်နက်၏ ဘေးနားတွင် ရှိနေသည့် သစ်ပင်သေမှာ ပထမဦးဆုံး အကြိမ်အဖြစ် ပြောင်သလင်းခါအောင် ဆွဲနှုတ်ခံလိုက်ရသည်၊ သူသည် လရောင်တောက်ကာ လေပြေသွေးသည့် အချိန်တွင် စောင့်ကြည့်တာဝါသို့ ရောက်လာခဲ့ပြီး ချောက်နက်ကို တစ်ယောက်တည်း အချိန်ကြာမြင့်စွာ စိုက်ကြည့်နေခဲ့၏။ တိမ်တောက်သည့် ညနေခင်းတစ်ခုတွင် သူသည် ရှစ်ယွမ်ကို သူ့လက်မောင်းထဲတွင် ထည့်ကိုင်ထားခဲ့ပြီး တစ်နေရာဆီသို့ ဦးတည်လို့ ထားသည့် ကျည်ဆန်ဖြင့် ပစ်ခတ်ခဲ့သည်။

လုထင်းဟန် ကိုယ်တိုင်က မသိပေသော်ငြား အချိန်တိုင်းတွင် သူသည် ရှီယွမ်ကို ရှာတွေ့ခဲ့သည်ပင်။

"သွားစို့" လုထင်းဟန်မှ ထပ်ပြောလိုက်ပြီး သူ့မျက်လုံး အကြည့်များကို ရှစ်ယွမ်ထံသို့ စက္ကန့်ပိုင်းမျှ ပို့လွှတ်လိုက်ပြီးနောက် အဝေးသို့သာ ရွှေ့လျားလိုက်တော့သည်။

လုထင်းဟန်သည် ရှီယွမ်ကို မမှတ်မိပေ။

ဒါက သေချာပေါက် ဖြစ်လောက်မည့် ကိစ္စပင် မဟုတ်ပါလား၊ ချောက်နက်မှ လူသားအသွင် ရရှိသွားပြီး သူ၏ လူသားကို လိုက်ရှာနေခြင်းအား မည်သူမျှ တွေးကြည့်နိုင်လိမ့်မည် မဟုတ်ပေ။

ရှီယွမ်သည် စက္ကန့် အနည်းငယ်မျှ ရပ်တန့်နေပြီးနောက် သူ့အမြီးလေးကို ဆတ်ခနဲ လှုပ်ခါကာ လုထင်းဟန့် နောက်သို့ လိုက်ပါသွား၏။ သူသည် အမြဲတမ်းပင် တွန့်ဆုတ်နေတတ်သည့် မကောင်းဆိုးဝါး မိစ္ဆာလေးပင်၊ သူသည် ဘာပြောရမည်မှန်း မသိတော့ပါဘဲ ရင်ခုန်စွာဖြင့် လုထင်းဟန်၏ အင်္ကျီလက်ဖျားအနားလေးကိုသာ ဆွဲကိုင်ထားလိုက်သည်။

လုထင်းဟန်သည် သူ့အင်္ကျီလက်ဖျားလေးကို ဆွဲကိုင်ထားစေပြီး နင်းလိုက်တိုင်း တကျွတ်ကျွတ်မြည်သည့် သစ်ရွက်ခြောက်များပေါ်သို့ နင်းဖြတ်ကာ အရှေ့သို့ ဆက်လက် လမ်းလျှောက်သွားသည်။ သေးငယ်သည့် လမ်းအပိုင်းလေးမှာ အလွန်တိုသော်လည်း ရှီယွမ်သည် အချိန်ကြာမြင့်စွာ လျှောက်လှမ်းနေရသလို ခံစားနေရသည်၊ လေထဲမှ အတောမသတ် ထပ်ခါထပ်ခါ ရနေသည့် အချဉ်ဖောက်ထားသည့် အနံ့အရသာကောင်းလှသည့် ဝိုင် ရနံ့ကို ရနေသလို သူ့ကို မူးဝေနေစေတော့သည်။ ရှီယွမ်သည် လုထင်းဟန်၏ နောက်ကျောပြင်ကို ကြည့်နေခြင်းအား မရပ်တန့်နိုင်ပေ၊ သူ့ အသိစိတ်တို့က အနက်ရောင် မြူခိုးများထဲတွင် နစ်မြုပ်နေခဲ့စဉ်က အတိုင်းပင်၊ သူသည် နောက်တစ်ကြိမ် လုထင်းဟန်၏ မျက်နှာပေါ်သို့ သူ့ရဲ့ မျက်လုံးများဖြင့် ထပ်ခါထပ်ခါ ခြေရာခံလိုက်ရှာနေမိသည်။

ချောက်နက်လေးနှင့် နေထိုင်ခြင်းWhere stories live. Discover now