ဒီလိုထူးခြားမှုတွေရှိနေတဲ့ အမျိုးသားဧကရီကို လူထုက အင်မတန် စိတ်ဝင်စားတယ်၊ သူနဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ ပါးစပ်ပြောရာဇဝင်တွေလဲ အများကြီးရှိတယ်၊ တားမြစ်ထားတဲ့ နာမည်ကြီးအချစ်ဝတ္ထု 'ဟိတ်ဟန်များတဲ့ မင်းသမီးနဲ့ ကြမ်းတမ်းတဲ့ဟယ်ရှန်' ဆိုတာက သူတို့နှစ်ယောက်အကြောင်း ရေးထားတာဆိုပြီး ကောလဟလတွေတောင် ရှိသေးတယ်၊ လက်ရှိမှာ ဒီဝတ္ထုက အတွဲလိုက်တားမြစ်ခံထားရတာကြောင့် ဖတ်ဖူးတဲ့လူတွေ ပြန်ပြောတဲ့ တဆင့်စကားကိုသာ တိုးတိုးကြိတ်ကြိတ် နားထောင်ရတဲ့အဆင့်နဲ့ခင် ကျေနပ်ကြရတယ်။

ဒီလိုနဲ့ ကောလဟလတွေက လွန်လွန်ကဲကဲဖြစ်လာတယ်၊ အမျိုးသားဧကရီက မြေခွေးမိစ္ဆာဝင်စားတဲ့သူ၊ ကျင့်ကြံမှုပြီးမြောက်ပြီး မသေမျိုးဘ၀တောင် ရောက်သွားခဲ့ပြီလို့ ပြောတဲ့လူတွေလဲ ရှိတယ်၊ တချို့ကတော့ ဧကရီက လောကကြီးကို ကောင်းကျိုးချမ်းသာတွေ ချီးမြင့်ပေးဖို့ရောက်လာတဲ့ ချုံဟွားပန်းနတ်ဘုရားမလို့ ဆိုကြတယ်။

ဒီလိုအမျိုးမျိုး မှန်းဆပြောဆိုခံနေရတဲ့လူက တကယ်တမ်းမှာတော့.. လယ်သမားတစ်ယောက် ဖြစ်နေတယ်။

ခွန်နင်းနန်းတော်ဆိုတာက ခေတ်အဆက်ဆက်က မိဖုရားခေါင်ကြီးတွေ စံမြန်းရတဲ့နေရာပါ၊ ဒါပေမဲ့ ရှောင်းကျန့်က ဧကရာဇ်ရဲ့ချန်ချင်းနန်းတော်မှာ ဝမ်ရိပေါ်နဲ့အတူနေတာမို့ ခွန်နင်းနန်းဆောင်နဲ့အတူ မိဖုရားမရှိတဲ့အနောက်ဆောင် တစ်ခုလုံးက အလွတ်ကြီး ဖြစ်နေတယ်။

ရှောင်းကျန့်က စိုက်ပျိုးရေးလုပ်ဖို့ ခွန်နင်းနန်းဆောင်ထဲမှာ အသေအချာ မြေနေရာရွေးတယ်၊ ပြီးတော့ ဘောင်တွေကျကျနနဖော်ဖို့ အမိန့်ပေးထားတယ်၊ သူက ခွန်နင်းနန်းဆောင်ကိုတောင် ကျဉ်းတယ်ထင်နေပြီး ဘေးနေရာတွေကိုပါ မျက်စိကျနေတယ်။

ဝမ်ရိပေါ်ကတောင် တော်ဝင်ဥယျာဉ်တော်ထဲက အပင်တွေကိုခုတ်ပြီး မြေနေရာလုပ်ပါလားလို့ အကြံပေးသေးတယ်၊ ဒါပေမဲ့ ခေတ်အဆက်ဆက်ရဲ့ ပြင်ဆင်ထိန်းသိမ်းခဲ့တဲ့ တော်ဝင်ဥယျာဉ်တော်တစ်ခုလုံးကို အသီးအရွက်စိုက်တဲ့နေရာလုပ်ရင် အတော်ကြည့်ရဆိုးသွားလိမ့်မယ်လို့ ရှောင်းကျန့်ကထင်တာ၊ ဒါကြောင့် နေရာတစ်ကွက်လောက်ပဲယူပြီး သူအင်မတန်မှ သဘောကျတယ် ဘယ်ရီသီးကို ချူရှောင်းကနေမျိုးရင်းယူကာ စိုက်ခိုင်းထားတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now