သို့သော် လက်တွေ့တွင် ထိုသို လုံးဝ မဟုတ်ပေ။ အန္တရာယ်များသော အခန်းများ ဖယ်ထားလျင်တောင်မှ အခန်းတစ်ခန်းကို တစ်ခါ၊ နှစ်ခါမျှနှင့် ရိုက်ပြီးသွားလျင် ကံကောင်းပြီဟု ဆိုရပေမည်။ သို့သော် တကယ့် ဒုက္ခအစစ်မှာ အခန်းတစ်ခန်း၌ ကိုက်ညီသော ခံစားချက်များ မပေါ်ဘဲ တန့်နေချိန်ပင်။

ထိုအခန်းကို တူညီသော စကားများ ထပ်လဲလဲပြော၍ ရိုက်ကူးရခြင်းက ပျင်းရိထိုင်းမှိုင်းစေသည်။ ယင်းက လူတစ်ယောက်အား ရူးသွားလောက်စေ၏။

ယနေ့ ရိုက်ကူးရေးက ချောမွေ့နေသည်။ လုပ်ငန်းစဉ်က ရဲ့လင်းချန်၏ ထိန်းချုပ်မှုအောက်၌ ရှိနေပြီး သူတို့သည် သူတို့၏ တာဝန်များကို လျင်မြန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ အခြားသူများသည်လည်း ရဲ့လင်းချန်၏ ညွှန်ကြားမှု အောက်၌ သူတို့၏ သရုပ်ဆောင် အရည်အချင်းများ တိုးတက်လာသည်ကို မြင်နေရသည်။

သို့သော် ရိုက်ကူးရေး ပြီးခါနီး၌ သူတို့ အဟန့်အတားတစ်ချို့နှင့် ကြုံရလေသည်။

သူတို့သည် ရိုက်ကူးရေး တစ်ခု၌ တန့်နေသည်။ ထိုအခန်းမှာ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ သရုပ်ဆောင်များ အားလုံး သူတို့၏ တိုက်ခန်းအောက်မှ ဘားတွင် စုဝေးပြီး စကားစမြည် ပြောကြသည့် အခန်း ဖြစ်သည်။

ထိုအခန်းသည် လုံးဝ မရှုပ်ထွေးပါ။ ၎င်းသည် ယခင်အခန်းများ ဖြစ်သည်။ သို့သော် ရဲ့လင်းချန်က ပြန်ကြည့်သောအခါ ထိုအခန်းကို ပြန်ရိုက်ခိုင်းသဖြင့် အချိန်ကြာသွားသည်။

ယခုတစ်ခေါက်တွင် ရဲ့လင်းချန်က သူတို့ ပြဿနာများကို ထုတ်မပြောချေ။ သူက သူတို့ကို ထပ်ခါထပ်ခါ ရပ်ခိုင်းပြီး ပြန်ပြန် ရိုက်စေသည်။

စကားစမြည် ပြောသော အခန်းလေးအား အကြိမ်နှစ်ဆယ်ကျော် ရိုက်လိုက်ရသည်။ ဟူရီဖေးနှင့် အခြားသူများသည် စကားပြောရလွန်း၍ အာခြောက်သကဲ့သို့ ခံစားနေရသော်လည်း ရိုက်၍ မပြီးသေးချေ။

အကြိမ်နှစ်ဆယ်ကျော် ပိုလုပ်ရသည့် ဘယ်အရာမဆိုသည် နှိပ်စက်မှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားမှာပင်။ ထို့အပြင် သရုပ်ဆောင်ခြင်းသည် ရိုးရှင်းသော အလုပ်မဟုတ်သဖြင့် သူတို့၏ မျက်နှာတွင် ပင်ပန်းသည့် လက္ခဏာများ ပေါ်လာသည်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now