Chapter 442

246 26 1
                                    

စာစဉ် 30 Chapter 442 ဒီဧရာမ စပါးအုံးမြွေကြီးက ထူးခြားတာပဲ

စာရွက်ပေါ်တွင် ဧရာမ စပါးအုံးမြွေကြီး၏ ကြောက်စရာကောင်းသော ခွန်အားနှင့် ရက်စက်မှုတို့နှင့်အတူ ရဲ့လင်းချန်၏ အံ့ဩဖွယ်ကောင်းသော စွမ်းဆောင်မှုတို့ကို ဆွဲထားပြီး နဂါးနိုင် သူရဲကောင်းတစ်ယောက်၏ ခံစားချက်မျိုး ပေးစွမ်းနေ၏။

"ဒီမှာ ထိုးလိုက်ပါ"

တုန်းမြောင်မြောင်က ပုံဆွဲစာရွက်၌ တမင်သက်သက် ဗလာချန်ထားသော ပြောင်ရှင်းနေသည့် ဧရိယာကို လက်ညှိုးထိုးပြသည်။

"မင်း ဒါကို ဆွဲထားတာလား"

ရဲ့လင်းချန် မျက်ခုံးပင့်လိုက်သည်။ တုန်းမြောင်မြောင်က ခေါင်းညိတ်ပြပြီးမှ အနေရခက်စွာ ပြန်ပြောလေသည်။

"ဒါက အချိန် အကန့်အသတ် ရှိလို့ အကြမ်းဖျင်း ဆွဲထားတာလေးပါ၊ ရဲ့နတ်ဘုရား စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်"

"မင်းရဲ့ ပုံဆွဲပညာက မဆိုးပါဘူး"

ရဲ့လင်းချန်က ပြုံးပြီး ထိုအပေါ်၌ သူ့နာမည်ကို လက်မှတ် ထိုးပေးလိုက်သည်။ သူ၏ လက်ရေးက လွတ်လပ်မှုကို ထင်ဟပ်စေပြီး ပန်းချီစာရွက်ပေါ်၌ ထင်ရှားပြတ်သားစွာ နေရာယူလေသည်။

"လှလိုက်တဲ့ လက်ရေးလက်သား၊ ရဲ့နတ်ဘုရားရဲ့ လက်ရေးလှ ကျွမ်းကျင်မှုက ဒီအဆင့်အထိ ရောက်နေလို့ ကျွန်မ အံ့ဩမိတယ်၊ ကျွန်မ တကယ်ကို လေးစားမိပါတယ်"

တုန်းမြောင်မြောင်က တအံ့တဩ ပြောသည်။ ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်ပြီး ငြိမ်မြဲ ငြိမ်နေလိုက်သည်။

သူ့စိတ်ထဲတွင် ဤမိန်းကလေးအပေါ် အမြင် တိုးတက်လာသည်။

*ဉာဏ်ကောင်းတယ်၊ တော်တော် ဉာဏ်ကောင်းတယ်*

သူမက သူ၏ ကျော်ကြားမှုကို သိသာစွာ အခွင့်ကောင်းယူနေခြင်းပင်။

ရဲ့လင်းချန်က ဘယ်သူလဲ။ သူသည် ဤနေရာ၌ မုချမသွေ အရေးအပါဆုံးလူ ဖြစ်သည်။ လက်ရှိတွင် သူတို့က တိုက်ရိုက် ထုတ်လွှင့်မှု ပြုလုပ်နေ၏။ လူတော်တော်များများက ရဲ့လင်းချန်နောက် လိုက်နေကြသည်။ ဤမိန်းကလေးက ရုတ်တရက် သူ့လက်မှတ်ကို တောင်းလာသဖြင့် ကြည့်ရှုသူများထံမှ စိတ်ဝင်စားမှု ရသွားမှာပင်။

ကျုပ်က ပါရမီရှင် (Chapter 401-600)Where stories live. Discover now